26

1.3K 187 3
                                    

''အဲ့တော့ စပြီပေါ့''
တောအုပ်တစ်နေရာက လူတစ်ယောက်က နှုတ်ခမ်းကို တွန့်ကွေးကာပြုံးလိုက်သည်။

သူတို့ တောအုပ်ရဲ့ ထွက်ပေါက်ကို သွားဖို့လမ်းရှာနေတုန်း သားရဲ အုပ်စုကြီး တစ်စုနဲ့ တွေလိုက်ရပြန်သည်။

ထိုသားရဲများက အဆင့် ၁ အလယ်အဆင့်သားရဲများဖြစ်တာကြောင့်ကျန်းယွီရှောင် ကသူ့ဓားစွမ်းကည် တိုးတက်လာအောင် ထိုသားရဲများကို အသုံးချခဲ့သည်။

ယွီရှောင် က မြေကြီးအဆင် မရောက်သေးတာကြောင့် ကျင့်စဉ်မရသေးပေ။ ထို့အပြင် သူ့ချီ စွမ်းအင် က သစ်သားချီ ဖြစ်သည်။

သစ်သားချီ က အသုံးမဝင်သော ချီစွမ်းအင်ဖြစ်သော်လည်း သစ်သား ကျင့်စဉ်များက ရှားပါးသည်။

သို့သော် ထိုစွမ်းအင်ကို မည်သူကများဂရုစိုက်မှာလည်း သိပ်မကြာလိုက်ခင်မှာဘဲ သူ့မှာ အဖြူရောင်တံဆိပ် အခု ၃၀ လောက်ရလိုက်သည်။

မြူနှင်းတောအုပ်က သားရဲများက နည်းနည်း တော့ ထူးဆန်းသလိုခံစား ရသည်။
ဥပမာ ယုန်သားရဲများဆိုရင် သူ့အရှေ့မှာကို သူတို့ကိုယ်သူတို့ သစ်ပင်နှင့်ဝင်ဆောင့်တာမျိုး မြွေတွေက သူတို့ကိုယ် သူတို့ အမြှီးနဲ့ ရစ်ပတ်ပြီး သေသလိုမျိုးပေါ့

ပြီးတော့ သူတိုက်ခိုက်ရင်လည်း ပြန်ခုခံတာမျိုးလည်း မလုပ်ပေ မသိရင် သူက ဘဲ ထိုသားရဲများရဲ့ ကယ်တယ်ရှင်လိုမျိုးနဲ့တောင်တူနေသည်။

သူထိုသားရဲများကို သတ်လိုက်ရင် ထိုသားရဲများက ပိုကောင်းတယ့် ဘဝကို ရောက်သွားမယ့လို့ ထင်နေကြတာများလား မသိ။

ရုတ်တရက် သူ သားရဲ တွေကို သတ်ရမှာတောင်သနားသွားသလိုဘဲ သူတို့ ရှေ့ဆက်သွားနေတုန်း လမ်းတစ်ဝက်မှာ ဆူညံသံအချို့ကြားလိုက်သည်။

''ဟဟ မင်းတို့ ဂိုဏ်းက ဂိုဏ်း ၁၀၀ ထဲဝင်မယ်ထင်နေတာလား
ဒီလောင်ဇီ ရဲ့ ရင်ခွင်ထဲကိုသာလာနေစမ်းပါ မုလေးတို့ပျော်နေစေရမယ်''

''ဟ ချီးထုတ်တွေ မင်းတို့ကများ ဒီသခင်မကိုပြောရဲတယ် မင်းတို့အသက်ကို မသနားတော့ဘူးထင်တယ် ''

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now