10

2.4K 331 4
                                    

များသောအားဖြင့် ဂိုဏ်း ၁၀၀ စုဝေးပွဲ မှာ ဂိုဏ်ချုပ် တို့ ဒုဂိုဏ်းချုပ်တို့တက်ရောက်လေ့မရှိဘဲ ဂိုဏ်းရဲ့ အရေးပါသော တောင်သခင် (သို့) အကြီးအကဲ များသာတက်ရောက်ကြသည်။

သို့သော် ယနေ့မှာတော့ ဝက်ဝံ ဂိုဏ်းချုပ် ကိုယ်တိုင်တက်ရောက်လာသည်။ ပြီးတော့ သူတို့ကို ကြည့်နေပုံက ဝက်ဝံဂိုဏ်းချုပ် သာနဂါးဆိုရင် ထိုအကြည့် နှင့်ပင် အခါခါသေနေလောက်ပြီဖြစ်သည်။

'L ဘာကြောင့် ဝက်ဝံဂိုဏ်းချုပ်က ဒီရောက်နေရတာလဲ ပြီးတော့ ဝင်ဝံဂိုဏ်းချုပ်က ငါတို့ကို အခုသတ်လို့ရရင်သတ်မယ့်ပုံမျိုး ကြည့်နေတာလဲ'

'host L ကဒီ ကမ္ဘာ ရဲ့ဇာတ်ကြောင်းမရသေးတာကြောင့် host မေးတဲ့ မေးခွန်း ကိုမဖြေနိုင်ပါဘူး'

'အထက်ကို ဆက်သွယ်လို့ ရပြီလား'
'အခုထိမရသေးပါဘူး host'
'ကောင်းပြီ mission ရှိလား '
'no ပါ host'

ယနေ့ ဝက်ဝံဂိုဏ်းချုပ် မှာ အလွန်အမင်ကိုဒေါသထွက်နေသည်။ လွန်ခဲ့သော တစ်ပတ်က ဂိုဏ်း ၁၀၀ စုဝေးပွဲ ဝင်ခွင့်ကတ် ရရှိလာသည်။ ထိုကတ်မှာ ဂိုဏ်းရဲ့ အထွဏ်အမြတ်ရတနာ များထားသော အခန်းတွင်ထားထား သည်။ထိုအခန်းကို နတ်သူငယ်အဆင့်နှင့် အထက်ရှိသောသူသာ ချိုး ဖြတ်နိုင်သည်။ ထိုသို့ချိုးဖြတ်မည်ဆိုရင်တောင်  ဂိုဏ်းရှိအကြီးအကဲများက သူခိုးဝင်ကြောင်းသိရမှာဖြစ်သော်လည်း ယခုတော့ တစ်စုံတစ်ယောက်သိဖို့ မပြောနဲ့ ဘယ်လိုဝင်ပြီးဘယ်လိုထွက်သွားမှန်းတောင်မသိလိုက်။

ပြီးတော့ခိုးသွားတာကလည်း ဂိုဏ်း ၁၀၀ စုဝေးပွဲ ဝင်ခွင့်ကတ် ဖြစ်နေသည်။ အစကတော့ သူခိုးက လေသင်ဂိုဏ်း ကလို့ထင်ပေမယ့် သူတို့အထင်မှားသွားသည်

အမှန်တော့တစ်ကယ့်သူခိုးက ဘုံခုနစ်ဆင့်ဂိုဏ်း ကဘဲ။ ဘယ်လိုသိတာလဲ ဟုတ်လား ဟ ဘယ်လိုသိတာလဲဆိုတော့ ဘုံခုနစ်ဆင့်ဂိုဏ်း က တရားဝင် ဂိုဏ်းမှ မဖြစ်သေးတာ အဲ့တော့ ဘယ်လိုလုပ် ဂိုဏ်း ၁၀၀ စုဝေးပွဲ ဝင်ခွင့်ကတ် ရမှတုန်း။

ဂိုဏ်း ၁၀၀ ဝင်ခွင့်ကတ် ရှိမှသာ ဂိုဏ်း ၁၀၀ စုဝေးပွဲ ကျင်းပသောနေရာသို့ဝင်ခွင့် ရမှာဖြစ်သည်။ ထို့ကြောင့် သူတို့ဝင်ခွင့်ကတ်ပျောက်သွားတော့ ကြံဂိုဏ်း ကိုသာအားကိုးရတော့သည်။

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now