47

1.2K 129 11
                                    

ကျန်းမင်တို့ထွက်သွားတော့ အခန်းထဲတွင် ဌာန နှစ်ခုကလူနှင့် ဌာနမှုးသာကျန်တော့သည်။

ထိုလူက သူတို့ဘက်ကို ကြည့်ကာ ဌာနနှစ်ခုကလူ​တွေကိုအားရပါးရ အော်ပြိးမှပြန်လွှတ်လိုက်သည်။

'' ဘာတဲ့ နင်တို့က အလုပ်သေချာမလုပ်ကြဘူးလားတဲ့ အဲ့တာငါတို့ကိုလာမပြောနဲ့လေ အဲ့ အထူးကမ္ဘာက အစက သူတို့ဘာသာလျှာရှည်ပြိးချိတ်ပိတ်ပြီးခုတော့ ပြန်ဖွင့်မရတော့ အစကနေပြန် လုပ်ဖို့ အပို့ခံရပြိးတော့ ''

ထိုဝန်ထမ်းများမှာ အပြင်သို့ရောက်တော့ တစ်ယောက်တစ်ပေါက်ဖြင့်မကျေနပ်ချက်များကို ပြောကြတော့သည်။

နောက်တစ်ယောက်က

''မင်းပြောတာမှန်တယ် ပြီးတော့ ခုတလော host အသစ်တွေက ပိုပြီးတော်လာကြတယ် တစ်ရက်ကို အနည်းဆုံး ကမ္ဘာ 700 လောက်ကြ
ပြီးနေကြတာ  နာမည်ဌာနက လူတွေကလည်းဌာန​ပြောင်းသွားကြတယ် ''

နောက်တစ်ယောက်က ဝင်ပြောသည်။
'' အချိန်ဌာနကောဘဲ''

သူတို့အားလုံးကစိတ်လေစွာသက်ပြင်းချကာ တစ်ပြိုင်နက်ပြောလိုက်မိသည်။

''ငါတို့လည်းဌာနပြောင်းချင်တယ် ''

ထို့နောက် သူတို့အဖွဲ့က သူတို့နဲ့သက်ဆိုင်ရာဌာန ကိုပြန်သွားလိုက်ကြသည်။

တစ်ဖက်တွင်

ဝက်ဝံဂိုဏ်းက လူတစ်ယောက်နှင့် ကျန်းရှင်းရန်တို့က စင်ပေါ်သို့တက်သွားကြသည်။

ကျန်းရှင်းရန်က တစ်ဖက်လူကိုမျက်လုံးမှေးကာကြည့်လိုက်သည်။ ထို လူကလည်း သူနှင့်အဆင့်တူ ဖြစ်တာကြောင့် သူ့ဘက်က နေစတိုက်တော့သည်။ ကျန်းရှင်းရန် က သူ့ရဲ့ ဓားကို ဆွဲထုတ်ကာ တစ်ဖက်လူဆီပြေးသွားလိုက်သည်။ ထို့နောက်အေးခဲမီးလျှံကျင့်စဉ်ကိုသုံးကာ စတင်တိုက်ခိုက်တော့သည်။

တစ်ဖက်လူကလည်း ကျန်းရှင်းရန် တိုက်ခိုက်တာကို အမြန်ရှောင်ရှားကြရင်း ထိုတိုက်ပွဲကို ကြည့်ရတာ တစ်ဖက်က တိုက်ခိုက်နေပြီး တစ်ဖက်က ခံစစ်ကိုသုံးကာ ခုခံနေသည်။

ကျန်းရှင်းရန်က ထိုနှင့်တိုက်ခိုက်ရင်း ရုတ်တရက်အသိလွှတ်မလို ဖြစ်ချိန်တွင် သူ့ရဲ့ ဦးခေါင်းပေါ်ကနေ လက်တစ်ဖက်ရောက်လာသည်ကို မျက်လုံးထောင့်ကနေမြင်လိုက်ကာ အမြန်ရှောင်လိုက်သည်။

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now