29

1.2K 174 3
                                    

ထိုဘိုးဘေးက နေရောင်ခြည်ကို သုသေသနပြုလုပ်ခဲ့သည်။ လုအများစုက သူ့ကို ရူးနေပြီဟုထင်ခဲ့ကြသည် ။ သို့သော်သူတို့မထင်ခဲ့ကြတာက သူတို့အရူး လို့ ထင်နေသော အရူးက လူတိုင်းကို အံဩစေသော သိုင်း ပညာတစ်မျိုးကို တီထွင်ခဲ့သည် ။

ထို ကျင့်စဉ်ကို နေမင်း သိုင်း လို့ခေါ်ကြသည်။ ထို သိုင်းပညာကို တီထွင်ခဲ့သော သူကို တော့ နေမင်းသားတော်ဟုခေါ်သည်။

နေမင်းသားတော်က နှစ်ပေါင်းများစွာကြာအောင် လောက တစ်ခွင် လှည့်လည်ကာ လူငယ်တစ်စုကို စုဆောင်း ပြီး နေမင်း ကျင့်စဉ် ကို သင်ကြားပေးခဲ့သည်။

ထို ကျင့်စဉ် ပေါ်ထွက်ပြီး နှစ်ပေါင်း ၁၀၀ အကြာမှာ မျိုး နွယ် စု လေးစု စစ်ပွဲ ကြီး ပေါ်ပေါက်လာခဲ့ သည် ထိုစစ်ပွဲကြီး ပြီး နောက် တော့ နေမင်း သားတော်နှင့် သူ့တပည့် တစ်အုပ်စုက ပျောက်သွားခဲ့ သည်၊၊

ထို့အပြင်ကို မျိုးနွယ်စုလေးစုမှ စတုတ္ထ မျိုးနွယ်စုက ပျောက်ဆုံးသွားခဲ့သည်။ ထို့နောက်နှစ်ပေါင်းများစွာကြာတော့ လူတွေက ထိုအကြောင်းကို မေ့သွားကြသည်။

ထိုအချိန်တွင် လူတစ်ယောက်က နေမင်းသားတော် ရေးသားခဲ့သည့် နေမင်း ကျင့်စဉ်စာအုပ်ကို ရရှိသွားခဲ့သည်။

သိပ်မကြာခင်မှာဘဲ ပျောက်ဆုံးနေသော နေမင်းကျင့်စဉ်နှင့်အတူ နေမင်းဂိုဏ်း က ပေါ်ထွက်လာခဲ့သည်။ထို ဒဏ္ဍာရီ ကို တိုက်ကြီး ၃ တိုက်ရှိလူတိုင်းက သိကြသည်။

နေမင်းဂိုဏ်းက ဂိုဏ်း ၁၀၀ တွင် အဆင့် ၁ ရှိသောဂိုဏ်း ဖြစ်သည်။

နေရောင်ခြည်ဂိုဏ်း ဆိုတာကညနေမင်းဂိုဏ်းရဲ့ အခွဲဂိုဏ်းတစ်ခုဖြစ်သည်။ ထို့အပြင် သူတို့အသုံးပြုသော ကျင့်စဉ် က နေမင်းကျင့်စဉ်ရဲ့ အပိုင်း ငယ်လေးတစ်ပိုင်းလောက်သာရှိသည်။

ထို့အပြင် နေမင်းဂိုဏ်း တွင်ဂိုဏ်းအခွဲပေါင်း မြောက်များစွာရှိသေးသည်။ ထို့ကြောင့် နေရောင်ခြည်ဂိုဏ်းက သာမာန် ဂိုဏ်း တစ်ဂိုဏ်း နှင့် ဘာမှ မခြားပေ။

သူတို့ရဲ့ ကျင့်စဉ်နှင့် နေမင်း ဂိုဏ်း ဟူသော ဂုဏ်ပုဒ် ကြောင့်သာ ယခုလို ကျော်ကြားရခြင်းဖြစ်သည်။

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now