44

923 124 3
                                    

''သဘာဝရဲ့ အသရေ ကို ချေးငှါးခြင်း ရေ !!!!!"
ကျန်းလင် ကထိုသို့အော်ကာ သူရပ်နေသည့် နေရာမှ အပေါ်သို့ခုန်ကာ အောက်က အစိမ်းရောင်ရေများကို မထိစေဘဲ ကိုယ်ဖော့ သိုင်းကို အသုံးပြုပြီး သူ့အရှေ့က ပြိုင်ဘက်ထံပြေးသွားလိုက်သည်။

သူ့ရဲ့ပြေးသွားသည့် အရှိုန်က မြန်လွန်းကာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့အရှေ့က လူထံရောက်သွားပြီဖြစ်ကာ သူ့ရဲ့ဓားတွင်လည်း များစွာသော ရေများကပ်ပါလာကာ သူ့ရဲ့ ပြိုင်ဘက်ကို ဦးတည်၍ ခုတ်ချလိုက်တော့သည်။

ထိုလူက သူ့ရဲ့ ဓားကို Xပုံစံ ပြုလုပ်ကာ ခုခံသော်လည်း အနည်းငယ်နောက်ကျသွားကာ ကျန်းလင်ရဲ့ တိုက်ကွက်အောက်သို့ ကျရောက် သွားသဖြင့် ခုခံရန်သာတတ်နိုင်တော့သည်။

ကျန်းလင်မှာ သူ့တွင်ရှိသော ချီ စွမ်းအင် များကို အကုန်ထုတ်သုံးကာ သူ့ပြိုင်ဘက်ကို စင်အောက်သို့ တွန်းလိုက်သည်။ သို့သော် အဆင့် ၂ ဆင့် ကွာတာကြောင့် တစ်ဖက်က ပြိုင်ဘက်က ထက်သလောက်တော့မလွယ်ကူနေပါ။

ထိုအချိန်တွင် ရုတ်တရက် ဘယ်ကမှန်းမသိသော ရေပူဖောင်းများက မရေမတွက်နိုင်အောင် ပေါ်လာကာ ပြိုင်ပွဲစင်အတွင်းသို့ တစ်လုံးပြီး တစ်လုံး စက်တိုက် ဝင်ရောက်လာလေသည်။

ထိုပုံကို ကြည့်ရတာ ရေပူဖောင်းထဲသို့ ရေထည့်ပြီး နောက် ပစ်မှတ်တစ်ခု ကို သာချိန်၍ လူအများ ကြီးကား ဝိုင်းပစ်နေသည်နှင့် တူလှသည်။

ထိုရေဘောလုံး များပေါ်လာသည်နှင့် ကျန်းလင်က သာ့ရဲ့ခြေထောက်တစ်ဖက်ကို အားပြုပြီး နောက်သို့ခုန်ထွက်ကာ သူမူလက ရပ်နေသောနေရာသို့ပြန်သွားလိုက်တော့သည်။

တစ်ဖက်လူမှာ ရုတ်တရက် အလစ်တိုက်ခံရတာကြောင့် အချိန်မှီ မတုန့်ပြန်နိုင်ဖြစ်သွားကာ စင်အပြင်သို့ တွန်းထုတ်ခံလိုက်ရကာ စင်မှ ပြုတ်ကျသွားတော့သည်၊၊

ထိုလူက ကျန်းလင်ကို စူးရဲစွာ စိုက်ကြည့်ကာ အစိမ်းရောင် အရည်များကို ပြန်သိမ်းကာ ရေမြင်းဂိုဏ်းချုပ်ရှိရာကိုသွားလိုက်သည်။

ကျန်းလင်လည်း သူ့ရဲ့ ဓားကို သိမ်းလိုက်ကာ ဒိုင်လူကြီးရဲ့ အနိုင်အရှုံုး ဆုံးဖြတ်သံကို နားထောင်ပြီးနောက် စင်အောက်က ပရိတ်သတ် များကို လက်နှစ်ဖက် ယှက်ကာ အရို အသေပေးလိုက်သည်။

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now