52

898 79 16
                                    

ယွီရှောင် တို့တတွေတောင်အောင်ရောက်တော့ ကျန်းရှင်းရန် မြေပုံတစ်ခုကို ထုတ်လိုက်သည်။ ထို့နောက်မြေပုံကိုဖွင့်လိုက်တော့ 3D ပုံစံ မြေပုံအသေးလေးထွက်လာသည်။

ထို့နောက် အဖြူရောင် အစက်ပေါ်လာသည်။

'' ဒီအဖြူရောင်အစက်က ငါတို့ရှိနေတယ့်နေရာ ဆိုတော့အနီးဆုံးက ယင်မြို့တော် ဘဲ ငါတို့ယင်မြို့တော်ကိုသွားရမယ်''

'' ယင်မြို့တော် ကိုရောက်ဖို့မြို့ငယ် ငါးမြို့ကိုဖြတ်သွားရမယ် ''
ကျန်းဟွေ့ကပြောလိုက်သည်။

''ကောင်းပြီ မြို့ငယ်တွေတစ်ခုနဲ့တစ်ခုကြားမှာ ထောက်ကျင့် တောအုပ်တွေနဲ့ဆက်စပ်နေတယ် ထောက်ကျင့်တောအုပ်က အကြီးဆုံးသားရဲ တောအုပ်ဖြစ်တာကြောင့် ငါတို့လေ့ကျင့်လို့လည်းရတယ် အားလုံးသဘောတူလား''

ကျန်းရှင်းရန် အကိုကြီးပီသစွာပင် သေချာရှင်းပြလိုက်သည်။

'' ဟုတ်''

''ကောင်းပြီသွားကြရအောင်''

လူငယ်ခြောက်ယောက်က တက်ကြွရွှင်လန်းစွားဖြင့် လမ်းလျှောက်တော့သည်။

ငါးနာရီနီးပါးကြာပြီးနောက်

ကျန်းလင် မြေပေါ်ဖင်ထိုင်ချကာ ညဉ်းညူလိုက်သည်၊၊

"အာ... ဆရာကဘာကြောင့်ဂိုဏ်းကို ဒီလောက်ဝေးတယ့်နေရာမှာ လာတည်ထောင်ထားရတာလဲ"

ကျန်းဟွေ့ကလည်း သူ့ဘေးမှာလာထိုင်ရင်း ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ နေက သူတို့ခေါင်းအပေါ်တည့်တည့်ရောက်နေကာ ဘေးတွင် သက်ရှိတစ်ကောင်ဆိုတစ်ကောင်မှ မရှိဘဲ သဲကန္တာရ နှင့်တောင်ဆင်နေကာ သဲတွေမတွေ့လို့သာ သူတို့က သဲကန္တာရ မှာမဟုတ်ဘူးလို့ခွဲခြားနိုင်တာပင်။

သူတို့က အမြဲတမ်း တစ်နေရာမှတစ်နေရာသို့သွားရာတွင် မှော်လက်နက်များသာ အသုံးပြုကြသည်။ သို့သော် ယခုတွင် သူတို့ရဲ့ ချစ်လှစွာသော ရှစ်ဇွင်း က အဝတ်တစ်ထည် ဝိဥာဉ် ကျောက်တုံးအနည်းငယ်နှင့် အစာခြောက်အချို့ပါသော အိတ်တစ်အိတ်ပေးကာ နှင်ထုတ်ခံလိုက်ရသည်။

ကောင်းပြီလေ သူတို့ခနအနားယူပြီးနောက် ခရီးဆက်ရပြန်သည်။ မကြာခင်မှာဘဲ သူတို့ဘေးရှိခြောက်သွေ့နေသော ကုန်းမြေမှ တဖြည်းဖြည်း စိမ်းလန်း နေသော အပင်များ တစ်ပင်စ နှစ်ပင်စပေါ်လာကာ တဖြည်းဖြည်း များလာပြီးနောက် တောအုပ်တစ်ခုလိုဖြစ်သွားသည်။

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now