24

1.3K 199 5
                                    

'ဒုတိယ ဇာတ်လိုက် များလား'

''ဟေး ကျွန်တော် နာမည်က ကျိုးရန်ရှင်းပါ ဒီက ရောင်းရင်း ကရော ''

''အာ.. ကျွန်တော့်ကို ကျန်းယွီရှောင် လို့ခေါ်လို့ရပါတယ်''

''ဟုတ် မင်းက တစ်ယောက်တည်းလား အဖော်တွေကော''

''ကျွန်တော် လူကွဲသွားလို့ပါ ''

ထိုလူမှာ နေမင်းလိုတောက်ပကာ နွေးသောသောအပြုံးတစ်ခုပေးလာသည်။ ထိုအပြုံးက တောက်ပလွန်းတာကြောင့် ယွီရှောင် မျက်စိ တောင်ကန်းသွားပြီလား ဟုထင်ရသည်။

ထိုအပြုံးကို သူသေချာရင်းနှီးတာပေါ့ ဇာတ်လိုက်တွေမှာသာရှိတဲ့အပြုံးဖြစ်ပြီး ဇာတ်လိုက်မတစ်ယောက်တည်းအတွက်ဖြစ်သည်။

''ကောင်းတာပေါ့ ကိုယ်တို့အတူ သွားလို့ရမလား ကိုယ်လည်းတစ်ယောက်တည်းဆိုတော့''

''ရပါတယ် ''

ယွီရှောင် မှာထိုကျိုးဆိုတဲ့ လူနှင့်အတူ သွားရန် ရွေးချယ်လိုက်သည်။ သူက ဒုတိယ ဇာတ်လိုက် ဖြစ်တာကြောင့် ဇာတ်လိုက်နီးပါးကံကောင်းလိမ့်မည် ထိုသူနှင့်သာ သွားရင် သူ ပြိုင်ပွဲကို မြန်မြန်နိုင်လိမ့်မည်။

သူ့မှာအခု အဖြူရောင်တံဆိပ်ပြား နှစ်ခု ရှိနေပြီဖြစ်ကာနောက်တစ်ခုသာလို တော့သည်။

''ဟေး မင်းက ဘုံခုနစ်ဆင့်ဂိုဏ်းက မလား ကိုယ်မင်းကို သိပ်မတွေ့ဖူးလို့''

''ဟုတ်တယ်လေ ကျွန်တော်က ကနဦးအဆင့် ၉ ဘဲရှိသေးလို့ပါ''

'' အော် ဒါနဲ့ ကိုယ့်မှာ လက်တွဲဖော်မရှိဘူးနော် ကိုယ်က လူလွတ်  (๑・ω-)~♥” ''

ထိုလူမှာမျက်စိ တစ်ဖက်မိတ်ပြကာ ကလူကျီဆယ်ဟန်ဖြင့် ပြောလာသည်။

''အာ......''

အဲ့တော့ ငါကဘာလုပ်ပေးရမှာလဲ ( -  _  - | ||)

''အိုး ဟို ကိုယ်တို့ကံကောင်းတယ်မထင်ဘူးလား''

' သောက်ကျိုးနည်းကို ကံကောင်း အဲ့တာ အဆင့် ၄ အဆင့်နိမ့် သားရဲကွ တစ်မိုးအောက် ဒုတိယဇာတ်လိုက် ရဲ့ '

ထိုအချိန်မှာဘဲ ရုတ်တရက်အလင်းတစ်ချက် လက်သွားကာ သားရဲမှာ အော်သံတောင်မထွက်နိုင်ဘဲ ခေါင်းတစ်ခြား ကိုယ်တစ်ခြားဖြစ်သွားတော့သည်။

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now