41

982 129 2
                                    

ရီရွှယ် က သူ့ရဲ့ သို လှောင်လက်စွပ်ကနေ ဆေးပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။

ထို့နောက်ထိုဆေးပုလင်း အဖုံးကို ဖွင့်လိုက်တော့ ဆေးနံ့ သင်းသင်း လေးထွက်လာကာ အထဲတွင် ရေကဲ့သို့ ကြည်လင်နေသော ဆေးရည်များရှိနေသည်။

သူ့ဘေးရှိသူငယ်ချင်းကြီး မှာ မနာလိုသော အသံဖြင့်
'' ကောင်းလိုက်တာ ''
ဟုပြောလာသည်။

ရီရွှယ် မှာ ထိုစကားကို ကြားတော့ရီကာ
'' ဆေးကမတူဘူးလေ မင်းရဲ့ ဆေးက ပြောင်းလဲခြင်းဆေးလေ ငါ့ရဲ့ဆေးက ရုပ်ဖြတ်တာကို ပျယ်အောင်လုပ်တဲ့နေရာမှာသုံးတယ့်ဆေးလေ ''

ဟုပြောလာသည်။
ပြောင်းလဲခြင်းဆေး နှင့် ရုပ်ဖြတ်တာကို ပျယ်အောင် လုပ်တဲ့နေရာမှာ သုံးတယ့်ဆေး( ပျက်ပြယ်ခြင်း ဆေး)

ထိုဆေးနှစ်ခုလုံးက သိုင်းလောက ရဲ့အရှားပါးဆုံးသော အဆင့်  ၉ ဆေးအဆီအနှစ်အများဖြစ်သည်။

ဆေးအဆီအနှစ်ဆိုသည်မှာ ဆေးပညာ လောကတွင် ပျက်သုန်းပျောက်ကွယ်လုနီးပါး ဖြစ်နေသော ဆေးဖော်စပ်နည်းများဖြစ်သည်။

ပြောင်းလဲခြင်းဆေး နှင့် ပျက်ပြယ်ခြင်းဆေးအဆီအနှစ် တွင် ပြောင်းလဲခြင်းဆေး က တစ်စုံတစ်ယောက်က ထိုဆေးကို သောက်လိုက်မည်ဆိုလျှက် ထိုလူရဲ့ ရုပ်ရည် အသွင် အပြင်က လုံဝကို ပြောင်းလဲသွားမည်ဖြစ်ပြီး နတ်သူငယ် အဆင့် အထက် ကျင့်ကြံသူတွေသာ ထိုလူရဲ့ ရုပ်ရည်ကို သတိထားမိမည်ဖြစ်သည်။

သို့သော် ထိုဆေးရည်အသုံးပြုထားသော လူရဲ့ ရုပ်အသွင်အပြင်ကို တော့မြင်ရမည်မဟုတ်ပေ။

ပျက်ပြယ်ခြင်းဆေးအဆီအနှစ် က သူ့ရဲ့နာမည်အတိုင်း အရာအားလုံးကို ပျက်ပြယ် စေကာ မူလအရခြေနေအတိုင်း ဖြစ်စေသည့်ဆေးဖြစ်သည်။

ထိုဆေးအဆီအနှစ်က လူတစ်ယောက်ရဲ့ ကိုယ်အတွင်းရှိ ကုမရသော အဆိပ်များ ကိုပင် ပျောက်ကင်းစေနိုင်သည်။

ထို့နောက် ရီရွှယ် ရဲ့ လှပသော အဖြူရောင် ဆံနွယ် များသည် တစ်ဖြည်းဖြည်း အပြာနုရောင် အဖြစ်သို့ပြောင်းလဲသွားကြသည်။

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now