50

1K 112 16
                                    

ပြိုင်ပွဲ တွင် ကျန်းရှင်းရန်က တစ်ဖက်လူနှင့်အကြိတ်အနယ်တိုက်ခိုက်နေကာ အနိုင်ရခါနီး တစ်ခနမှာတင် ရုတ်တရက်သူ့ကို တစ့စုံတစ်ခုက ထိန်းချုပ်လိုက့သလိုခံစားရကာ သူ့ရဲ့ စွမ်းအင်များက တစ်ခနချင်းမှာတင်လျှော့သွားသည်။

ကျန်းရှင်းရန် ရပ်သွားသည်နှင့်တပြိုင်နက် တစ်ဖက်ကလူက ရုတ်တရက် ပြင်းထန်စွာ တိုက်ခိုက်လာတော့သည်။

သြိ့သော် ဇာတ်လိုက် ဆိုတာကတော့ ဇာတ်လိုက် ပင် မကြာခင်မှာဘဲ အင်အားအပြင့်ဖြင့် တိုက်ခိုက်လာပြန်တော့သည်။

တစ်ဖက်နှင့်တစ်ဖက်အပြင်းအထန်တိုက်ခိုက်နေကြကာ ကျန်းရှင်းရန် က ပြိုင်ဖက်ရဲ့ အရှိန်နှေးသွားတာကိုသတိပြုမိပြီးနောက် လျှင်မြန်စွာ နှစ်တစ်ထောင်အေးခဲခြင်း ဓားစွမ်းရည်ကိုအသုံးပြုတော့သည်။

သူထိုစွမ်းရည်ကို အသုံးပြုလိုက်သည်နှင့်တစ်ပြိုင်နက် တစ်ဖက်လူမှ အရှုံးပေးသည်ဟူသော အသံထွက်ပေါ်လာကာစင်အောက်မှ ပရိတ်သတ် များက ဟာ ခနဲ အော်သံများထွက်လာသည်။

ကျန်းရှင်းရန် က ပြိုင်ပွဲ စည်းမျဉ်း အရ တစ်ဖက်က ပြိုင်ဘက်က အရှုံးပေးလျှင် မည်သည့်အချိန် မည်သည့် အရာပင်ဖြစ်နေပါစေ ပြိုင်ဘက်ကိုထိခိုက်အောင်လုပ်မရပေ ထို့ကြောင့် သူ့ရဲ့ ဓားစွမ်းရည်ကို အမြန်ရုတ်သိမ်းလိုက်ရသည်။

တစ်စုံတစ်ယောက်က တိုက်ခိုက်ရန် ပြင်ဆင်ထားသော စွမ်းအင် ကိုပြန်ရုတ်သိမ်းလိုက်လျှင်ထိုသူက အသုံးပြုထားသောစွပ်းအင် ပြင်းထန်လျှင်ပြင်းထန်သလောက် တန်ပြန်တိုက်ချက်ကိုခံစားရမည်ဖြစ်ကာ ကျန်းရှင်းရန် လည်းအတူတူပင်။

သူက စင်ပေါ်တွင်ပင်လဲကျမလိုဖြစ်သွားသော်လည်း ဇာတ်လိုက် sama ရောင်ဝါများကတော့ သူ့ကို လူအများ ရှေ့မှာအရှက်မကွဲစေဘဲ ကျန်းရွှီနားရောက်မှသာသောက်  လဲ ကျစေသည်။

ကျန်းရွှီကသူ့တပည့်လက်ကောက်ဝတ် သွေးကြောကိုစမ်းကြည့်ပြီးမျက်မှောင်ကြုတ်ကာ လေသဘာင်္်ကိုထုတ်၍ ပျံသန်းသွားတော့သည်။

အမြဲတမ်းအပြုံးတစ်ခုဆင်ထာယသော ကျန်းရွှီကသောက်  မျက်နှာတည်ဖြင့်ကြောက်စရာကောင်းနေကာ ဘုံခုနစ်ဆင့် ဂိုဏ်း ရောက်သည်နှင့် သူတို့ကိုချပေးကာ တစ်နေရာသို့မည်းမှောင်သော မျက်နှာထားဖြင့် သွားနေသည်။

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now