4

3.7K 460 5
                                    

'' အိုးပြီသွားပြီလား ငါနောက်ကျသွားတာဘဲ''
ကျန်းရွှီသောက်ဟာ စိတ်ပျက်စွမေးလိုက်တယ်
''နောက်တစ်ခါဆိုရင် ငါ အဲ့ ဝင်ဝံဂိုဏ်အကြီးအကဲ တွေ ကိုပြဿနာကောင်းကောင်းရှာပြမယ် ''

''တောင်းပန်ပါတယ် ရှောင်အာ ဆရာနောက်ကျသွားတယ် ''
ကျန်းရွှီသောက် ဟာသူ့တပည့်ကို တောင်းပန်သလို ကြည့်ရင်းပြောလိုက် တယ်။

''အာရပါတယ် shizun''
ကျန်းယွီရှောင်ကြောင်အနေမိသည် ပုံမှန်ဆို ဆရာကတပည့်တွေကိုတောင်းပန်စရာမလိုပေ ပြီးတော့ သူကိုယ်တိုင်ကလည်းအမှားလုပ်ထားတာလေ

''ကောင်းပြီ ဂိုဏ်းကိုပြန်ကြရအောင်''
ကျန်းရွှီသောက် ဟာပြောရင်း သူ့ သန့်စင်မှု့အဆင့်လက်နက် စီးတော်ယာဉ် ကိုထုတ်လိုက်တယ်

ယွီရှောင်ဟာ ထိုရတနာလက်နက်ပေါ်တက်ပြီးနောက် ထောင့်တစ်နေရာတွင်မတ်တပ်ရပ်ကာ အတွေးထဲနစ်နေမိသည်။

လောလောဆယ် သူအသက်ရှင်နေသေးသည် ။ သူမသေရင်တောင် အဆဲခံ အဆူခံရမှာ ဖြစ်ပေမယ့် ဖြူစင်သူတစ်ယောက်လို ဘာအမဲစက်မှမစွန်းထင်ပေ
ပုံမှန်နဲ့ကွဲပြားနေသောဇာတ်ကြောင်းကြောင့် နည်းနည်း တော့ရှုပ်နေမိသည်။

အာသိပြီ သူကဇာတ်လိုက်ရဲ့ ချစ်လှစွာသောညီငယ်လေးဖြစ်ပြီး နောက်ပိုင်းမှ လမ်းမှားမိပြီးသစ်စာဖောက်ဖြစ်ကာ finel boss  ဖြစ်လာမည့် ဇာတ်ကြောင်းဖြစ်ရမည်။

ထိုစဉ် သူအံသြစရာ တစ်ခုနှင့်ကြုံလိုက်ရသည် ။ သိပ်သည်းလှတဲ့ ချီတွေ ဘုံခုနှစ်ဆင့်ဂိုဏ်း မှာ လွန်စွာသိပ်သည်းတဲ့ချီစွမ်းအင်တွေရှိပြီး အလွန်သန့်စင်ကာ တစ်ခြား ဂိုဏ်းတွေ လိုတရားထိုင်ကာ အပတ်တကုတ်ကြိုးစားနေစရာမလိုပေ အသက်ရူရင်းနဲ့တောင် သူ့ကိုယ်ထဲမှာချီတွေပြည့်လာသလိုခံစားရသည်း ။

ထိုစဉ်တစ်စုံတစ်ခုက သူ့ကိုယ်ထဲကနေတိုးထွက်ချင်နေသလိုခံစားလိုက်ရသည်။
''ဆရာတူ ညီလေးတောင် အခြေခံအုတ်မြစ်အဆင့် ၅ ရောက်သွားပြီဘဲ ဂုဏ်ယူပါတယ် ''

ကျန်းမင်းယွီ ဟာသူမ ဆရာတူညီလေး အဆင့်တက်တာမြင်တော့ ပျော်ရွင်စွာ ဂုဏ်ပြုလိုက်သည်။
''ကျေးဇူးတင်ပါတယ် ဆရာတူအမ ''

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now