37

1.1K 153 6
                                    

သူတို့ ယခုရှိနေသော အဆောင်သည် ကျယ်ဝန်းလှသော အခန်းတစ်ခုဖြစ်ပြီး အထဲတွင် ထိုင်ခုံ ၅ ခုရှိသည်။

အခြားလေးခုံထက် ပို ကြီးသော ခုံက အရှေ့ဆုံးတွင်ရှိကာ ကျန်လေးခုံက ထို ခုံနောက်တွင်ရှိသည်။

မြူနှင်းဂိုဏ်းချုပ် ရီရွှယ် က အကြီးဆုံး ခုံတွင်ဝင်ထိုင်လိုက်သည်။ ရီရွှယ်က အလွန်ချောမောသော လူငယ်တစ်ယောက်ဖြစ်ကာ သူ့တွင် လှပသော ဇာမဏိ မျက်ဝန်းတစ်စုံရှိပြီး အပြာရောင်မျက်လုံးများနှင့် ဓားကောက်ကဲ့သို့ ခပ်ထူထူ မျက်ခုံးများရှိသည်။

ထို့အပြင် တိုစိပ်စိပ် မျက်တောင်များက ထိုမျက်ဝန်းကို အလှဆင်ထားကာ အနည်းငယ် အညို ဘက်သွားသော အသားရည်ရှိပြီး လေးထောင့်ကျသော မေးရိုးများရှိသည်။

နီညိုရောင် နှုတ်ခမ်းပါးများက အထက်သို့အနည်းငယ်ကော့တက်ကာ ရီရွှယ် ရဲ့ မူပိုင်အပြုံးလေးကို ဆင်မြန်းထားသည်။

ကျယ်ပြန့်သောရင်အုပ်နှင့် သေးသွယ်ကာ အဆီပို မရှိကြွက်သားများဖြင့် ပြည့်​နေသော ခါးလည်းရှိသေးကာ လုံးဝကို မိန်းမပျိုများအကြိုက်ဖြစ်သည့် ရုပ်ရည်မျိုးဖြစ်သည်။

အဖြူရောင် ဆံနွယ်များကို စုကာ ကျောက်စိမ်း သရဖူ ဖြင့် စည်းနှောင်ကာ အပြာရောင်ရှိသော အေးခဲကျောက်စိမ်း ဆံထိုးကို ထိုးထားသေးသည်။

ရှင်းသန့်သော အဖြူရောင် ဝတ်ရုံပေါ်ဝတ်ထားကာ ထိုင်ခုံပေါ်တွင် ထိုင်နေပုံ ကအမတ နတ်ဘုရားတစ်ပါးနှယ် ကျက်သရေရှိလှသည်။

ထို့နောက် ကျိုးရန်ရှင်း တို့က ကျန်သောခုံများတွင် အသီးသီးဝင်ထိုင်လိုက်ကြသည်။

ထိုင်ခုံတိုင်းရဲ့ ဘေးတွင် စားပွဲ အသေးတစ်လုံးစီရှိကာ လက်ဖက်ရည် အိုးနှင့် ခွက် ရယ် စိတ်ဝိဥာဉ် အသီး အချို့ တင်ထားသည်။

ဟုန်ရန်မှာ လက်ဖက်ရည် အိုး ကို တွေ့တော့ မျက်လုံးများအရောင်လက်ကာ ထို အိုးမှ လက်ဖက်ရည် များကို ချက်ချင်း ခွက်ထဲသို့လောင်းထည့်ကာ အငွေ့တထောင်းထောင်းထနေသော လက်ဖက်ရည်များကို တဟူးဟူး မှုတ်ကာမော့သောက်လိုက်သည်။

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now