27

1.2K 173 3
                                    

''သွားရအောင် ''
ကျိုးရန်ရှင်း က ယွီရှောင် လက်ကိုဆွဲကာ ဆက်သွားဖို့ပြင်လိုက်သည်။

''ဟေ့ မင်းတို့ကို အကိုကြီးက ထွက်လာခိုင်းတယ်လေ မြန်မြန် မထွက်လာဘဲ ဘာလုပ်နေတာလဲ''

''ဘယ်သူလဲသွားကြည့်လိုက်''

''ဟုတ်အကိုကြီး''

''အော် ဘယ်သူများလည်းလို့ အနူဂုတ်စုတ် ကောင်တွေကများ ငါတို့အကို ကြီးပြောစကားကို ဖီဆန်ချင်နေတာလား ''

ယွီရှောင် မှာ ထိုသူကို စိတ်လေးသလိုသာကြည့်လိုက်သည်။ သူတို့က ထိုပြဿနာ ဖြစ်နေသည့်နေရာနှင့်သိပ်မဝေးတာကြောင့် ထိုလူတွေပြောသည့် အကိုကြီး ဆိုသူကိုတွေ့လိုက်ရသည်။

ထိုသူတွေက ရွှေဝါရောင် ဂိုဏ်း ဝတ်စုံကို ဝတ်ဆင်ထားကြသည်။ အိင်္က်ျီ ဒီဇိုင်းနှင့် အရောင်က လှသော်လည်း ထိုလူတွေဝတ်ထားပုံက တစ်ကယ်ကို စိတ်ပျက်စရာကောင်းသည်။

အဆီပိတ်ကာ ဝဖိုင့် နေသည့် ကိုယ်ပေါ်တွင် ရွှေဝါရောင် ကဲ့သို့ အရောင်တောက်နေသော ဂိုဏ်းဝတ်စုံကို ဝတ်ဆင်ထားပုံက ဝက်ကို ရွှေရောင် ဆေးသုတ်ထားရင်တောင်ကြည့်ကောင်း အုံးမည်။

သူတို့ပုံစံက တစ်ကယ်ကို ရွှံဖို့ကောင်းသည်။ ထို့အပြင် လည်ပင်းတွင် အဆီထက်ကြီးများနှင့် ကြီးမားသော မေးနှစ်ထက်မျက်နှာကြီးတောင်ပါလိုက်သေးသည်။

ဝမ်းဗိုက်ကြီးမှာ ခန္တာကိုယ် ရှေ့သို့ ထွက်နေကာ အောက်ငုံ့ကြည့်ရင် သူတို့ ဗိုက်ကိုသာမြင်ရလိမ့်မည်

ခြေလက်များတွင်လည်း အဆီအတွဲကြီးများနှင့် အိုက်ယိုး ယွီရှောင်မှာ သူ့မျက်လုံးကန်းသွားပြီလို့တောင်ထင်မိတာကြောင့် သူ့ဘေးရှိ ကျိုးရန်ရှင်း ကိုသာကြည့်လိုက်သည်။သူမျက်လုံး ဆေးဖို့လိုနေပြီ မဟုတ်ရင်သူ့မျက်စိကန်းသွားနိုင်တယ်။

''ကယ်ပါအုံး ရှင့် သူတို့တွေက ကျွန်မကို ဝိုင်းအနိုင်ကျင့်နေကြတယ် ''
ယွီရှောင် သူ မျက်စိဆေးနေတုန်း အသံချိုချိုလေးတစ်သံကို ကြားလိုက်ရသည်။

သူကျိုးရန်ရှင်း ကို ကြည့်နေရာကနေ အကြည့်လွှဲကာ ထိုအသံလာရာသို့ကြည့်လိုက်သည်။

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now