15

1.7K 261 1
                                    

ဆေးဆရာရဲ့ဖိအားက ပိုပိုပြီး များလာကာ သူမမခံနိုင်လောက်အောင် ဖြစ်လသည်။

သို့သော် ဆေးလုံးဖော်စပ် တာက နောက်ဆုံး အဆင့်ရောက်နေပြီဖြစ်သည်။ တစ်ဖက်ကလူက တစ်ကယ်ပါရမီရှိတယ်လို့ပြောလို့ရသည်။

ဖိအားပေးနေရင်း ဆေးဖော်စပ်တာက လွယ်သည့် အရာတော့မဟုတ်ပေ၊၊ ပတ်ဝန်းကျင်ကို ကြည့်ရသလောက်တော့ ပုံမှန်ပင် ကြည့်ရတာ သူမတစ်ယောက် တည်းကိုသာကွက်ပြီး ဖိအားပေးနေပုံရသည်။

ထိုသို့ ဖိအားပေးနေရင်း ဆေးဖော်စပ်တာက အာရုံနှစ်ခုခွဲထားမှသာရကာ သက်တမ်းရင့်သောဆေးဆရာများသာ ပြုလုပ်နိုင်သောကိစ္စဖြစ်သည်။

ထိုစ၍် သူမ ဝိဥာဉ် စွမ်းအင် ကိုတောင်အသုံးမပြုနိုင်တော့မလိုဖြစ်သွားသည်။ သူမ မရတော့ဘူး ဒါက သူမရဲ့ နောက်ဆုံး ခံနိုင်တဲ့ အကန့်သက်ဘဲ။

'နည်းနည်း ကျေးဇူးပြုပြီး ခဏလေးဘဲ '
ထိုစဉ်ဆေးကြိုအိုးမှ ဆေးနံ့ သင်းသင်းလေးထွက်လာသည်။

''အောင်မြင်ပြီ''
ကျန်းမင်းယွီ ပျော်ရွင်စွာ ပြောလိုက်သည်။

ထို့နောက်သူမ ဒျန်ထျန်မှ ချီစွမ်းအင်လည်ပတ်နှုန်း မြန်လာပြီး သူမရဲ့ စွမ်းအင်သွေးကြောများမှ ချီစွမ်းအင် စီးဆင်းနှုန်းကလည်း ပိုပြီး မြန်လာကာ သူမအနားက လေထုမှချီစွမ်းအင်များ တဖြည်းဖြည်း သူမဆီသို့တိုးဝင်ကာ လေထုမှာ အနည်းငယ် မူမမှန်တော့။

သူမအဆင့်တက်တော့မယ် ဆိုတာသိလိုက်တာကြောင့် အမြန်ပင် သူမဆေးလုံးကို အကဲဖြတ်ရန် ဆေးလုံးပြိုင်ပွဲ ရဲ့ ဒိုင်ကိုပေးကာ သူမ ဆရာရှိသော နေရာသို့ အမြန် ပြန်လာလိုက်သည်။

ကျန်းရွှီသောက် သူ့ တပည့်ကို ခေါင်းငြိမ့်ပြလိုက်သည်။ ကျန်းမင်းယွီ သူမ ဆရာ ခေါင်းငြိမ့်ပြတာ တွေတာနဲ့ သူမခါးက ဂိုဏ်း အမှတ်အသား ပုံ ထွင်းထုထားသော ကျောက်စိမ်းပြားကို ချိုးလိုက်ကာ သူမသွားမည့်နေရာကို သူမရဲ့အသိစိတ်တွင်ပုံဖော်လိုက်သည်။

ထို့နောက်သူမ အလျင်အမြန်ပင် သူမနေရန် စီစဉ် ပေးသော ခြံဝန်း သို့ရောက်သွား သည်။ သူမ ရောက်တဲ့နေရာမှာ ပင်တင်ပလွေခွေ ထိုင်ကာ ကျင့်ကြံ နေလိုက်သည်။

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now