19

1.6K 223 2
                                    

'အော်..အဲ့တာကြောင့်ကိုး ဇာတ်လိုက်တွေမလုပ်နိုင်တာဘာမှမရှိပါလား စွမ်းအင် သွေးကြော နှစ်ကြောကို တစ်ကြောဖြစ်အောင်တောင်ပေါင်း စပ်နိုင်တယ်'

'L ကျန်းရွှီသောက် က ဘယ်သူလဲ သူက အရန်ဇာတ်ကောင်ဆိုပေမယ့် ဘာကြောင့် အခြား အရန် ဇာတ်ကောင် တွေထက် ပိုအစွမ်းထက်နေရတာလဲ'

'L က ထိုအရာကို မသိရသေးပါ host ပြီးတော့ ကျန်းရွှီသောက် က ဇာတ်လိုက်ရဲ့ ဆရာဆိုတာကို မမေ့ပါနဲ့ '

'အင်း ငါသိတယ် ဒါပေမယ့် ထူးဆန်နေတုန်းဘဲ မထင်ဘူးလား '

'No '

'စဉ်းစားကြည့်လေ ဘယ်သူကများ ဂိုဏ်းတစ်ခုကို လူ လူခုနစ်ယောက် နဲ့တည်ထောင်လို့လဲ ပြီးတော့ စွမ်းအင်သွေးကြော နှစ်ကြောကို တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်နိုင်တဲ့နည်းကိုသိလို့လဲ '

' L အထင် ကျန်းရွှီသောက် က ဇာတ်လိုက်ရဲ့ ရွှေလက်ချောင်းထဲက တစ်ချောင်း ဖြစ်မယ်ထင်တယ်'

' no L မဟုတ်ဘူး စွမ်းအင်သွေးကြော နှစ်ခုကို ပေါင်းစပ်နိုင်တဲ့နည်းဆိုတာ ကို ကျန်းရွှီသောက် သိတယ်ဆို အခြားသူတွေမသိဘူးဆိုတာမဖြစ်နိုင်ဘူး ပြီးတော့ အဲ့တာက ရွှေလက်ချောင်း မဟုတ်ဘူး ငါ့အတွေအကြုံအရဆိုရင် ရွှေလက်ချောင်း ဆိုတာ က သက်မဲ့ အရာတွေဘဲ
တာဝန်ထမ်းဆောင်လာတဲ့ ကမ္ဘာ ပေါင်းများစွာမှာ  ငါ့အတွေ့အကြုံအရဆိုရင် ကျန်းရွှီသောက် က အရန်ဇာတ်ကောင်တော့မဟုတ်လောက်ဘူး'

'ကျန်းရွှီသောက် အကြောင်းစုံစမ်းကြည့်'

'တီ..... host point မလောက်ပါဘူး '

' ဟင်း... ထားလိုက်တော့ '

ကျန်းရှင်းရန်မှာ ထိုလူထွားကြီး ရဲ့ ကျီးကန်းတွေအားလုံးကို အေးခဲ စေလိုက်သည်၊၊

ထိုအချိန်မှာဘဲ သူ့ခေါင်းပေါ်ကို လည်ပင်းတွင် ရွှေဝါရောင် အမွှေးများရှိပြီး ခေါင်းတွင် အပြာနုရောင် အမွှေးများရှိသော ကျီးကန်းတစ်ကောင်က ရုတ်တရက်ရောက်လာကာ သူ့ခေါင်းကို ထိုးဆိတ်ဖို့ပြင်တော့သည်။

' နှစ်တစ်ထောင်အေးခဲခြင်း '
ကျန်းရှင်းရန် သူ့ရဲ့ဓား ထိပ်တွင် ရေခဲ ချီများကိုစုစည်းလိုက်သည်။ ထို့နောက် သူ့ဓားက ဖောက်ထွင်းမြင်နိုင်သော ရေခဲဓား အဖြစ်ပြောင်းလဲသွားသည်။

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now