13

1.9K 256 2
                                    

အဆင့် ၂ အရိုးဆေးလုံး ဆိုတာက လွယ်ကူသော ဆေးဖော်စပ်နည်း ဖြစ်သည်။ ထိုဆေးလုံးက ကျင့်ကြံ သူများ အရိုးအဆစ်များသန်မာရန် အတွက်အသုံးပြုသော ဆေးလုံးဖြစ်သည်။

အဆင့်၃ အဆာခံ​ဆေးလုံးက အဆင့် ၃ ဆေးလုံးထဲတွင် အခက်ဆုံးဆေးလုံးဖြစ်ပြီး သူက ဆေးလုံးရဲ့ ဖော်စပ်ပုံကိုလိုက်ကာ အာနိသင် ကွဲပြားသွားသည်။

ဆေးဖော်စပ်နည်းက တစ်မျိုးတည်းရှိတာမှန်သော်လည်း ဆေးလုံးကို ဖော်စပ်ရန် အသုံးပြုသော ဝိဥာဉ်စွမ်းအင် ပေါ်မူတည်ပြီး အဆားခံနှုန်းကွဲပြားသွားသည်။

ဝိဥာဉ် စွမ်းအင် များရင်လည်း ဆေးလုံးကပျက်စီးသွားတတ်ပြီး ဝိဥာဉ်စွမ်းအင် နည်းရင်လည်းဆေးလုံးအာနိသင် သက်ရောက်မှု့ နည်းသွားသည်။

ထို့ကြောင့် ဝိဥာဉ်စွမ်းအင် ကိုသေချာချိန်ညှိပြီးမှအဆေးဖော်စပ်ရသည်၊၊

အဆင့်၎ အေးခဲဆေးလုံး ကတော့ အအေးဘက်ကိုသွားသော ရေ ကျင့်စဉ် ရေခဲကျင့်စဉ် ကဲ့သို့သော ကျင့်ကြံသူများ အတွက်အရေးပါသောဆေးလုံးဖြစ်သည်။

ထို့အပြင် ထိုဆေးလုံးကို ဖော်စပ်ရာတွင် အရေးကြီးသောအချက်မှာ ဝိဥာဉ်စွမ်းအင် အများအပြားလိုအပ်သည်၊၊ ထို့အပြင်ထိုဆေးလုံးမှာ အေးခဲဆေးလုံး ဖြစ်သော်လည်း ဝိဥာဉ်စွမ်းအင် ကို အပူစွမ်းအင်သို့ ပြောင်းလဲ၍ဖော်စပ်ရတာကြောင့် အဆင့်၎ ဆေးလုံး ထဲတွင်ထိုဆေးလုံးက အလွန်ခက်ခဲသည်။

ကျန်းမင်းယွီ ဆေးလုံးပြိုင်ပွဲ ပထမအချီ ကိုယှဉ်ပြိုင်ရန် ရှေ့သို့ ထွက်လိုက်သည်။ ထိုအချိန်မှာ ကျန်းရွှီသောက် ကသူမကိုတားလိုက်သည်။

''ခဏ လောက်စောင့်လိုက် နောက်ဆုံးအချီမှ ဝင်ပြိုင်''
''ဟုတ် ရှစ်ဇွင်း ''

ကျန်းမင်းယွီ သူ့ကို ဘာလို့တားမှန်းမသိသော်လည်း သူမဆရာပြောသော စကားကိုတော့နားထောင်လိုက်သည် ။

ဆေးလုံးပြိုင်ပွဲတွင် အဆင့် ၂ ဆေးဆရာ အယောက် ၃၀ ရှိပြီး အဆင့်သုံးဆေးဆရာ အယောက် ၄၃ ယောက်ရှိသည်။ အဆင့်လေးဆေးဆရာ အယောက် ၂၅ ယောက်သာရှိသည်။

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now