32

1.1K 164 6
                                    

နှစ်ရက် အတွင်း စုဝေးကွင်းပြင်တွင် ထွက်လိုက်ရသည့် လူတစ်ယောက်တောင်မတွေ့ရသေးပေ

သို့သော် တတိယ မြောက် နေ့တွင်တော့ ပထမဆုံး ထွက်ခွာရသည့် ဂိုဏ်းကို တွေ့လိုက်ရသည်။ အလင်းများက စုဝေးကွင်းပြင်တွင် ပေါ်လာကာ လူတစ်စုက ထိုနေရာတွင်ပြုတ်ကျလာသည်။

ထို့နောက် နောက်ထက်အလင်း တစ်ခုပေါ်လာကာ ဝဖိုင့် သောလူတစ်ယောက်က ခုနက ပြုတ်ကျလာသော လူအုပ်ပေါ် တည့်တည့် ပြုတ်ကျသွားကာ သူ့အောက်က လူတွေရဲ့ အော်သံကို ကြားလိုက်ရသည်။

ထိုအချိန် ထိုဝဖိုင်းသော လူက ပရိတ်သတ် များထိုင်နေသော နေရာကိ လှည့်ပတ်ကြည့်ရှု့နေကာ သိပ်မကြာခင် မှာဘဲ သူရှာနေသော လူတို့တွေ့လိုက်ရတာကြောင့် အသံပြဲကြီး ဖြင့် အော်ငို ကာ ထိုနေရာသို့ပြေးသွားရင်း တိုင်တော့သည်။

'' အဖေ ကျေးဇူးပြုပြီး ကျွန်တော့် အတွက်တရားမျှတမှု့ရှာပေးပါ ''
ဟုအော်ကာ နောက်ဆုံးတော့ အဖေဖြစ်သူအနားရောက်တော့ အမောဖြေကာ သူ့အဖေရဲ့ စတ်ရုံစကို ကိုင်ပြီးငိုတော့သည်။

ထိုအချိန်တွင် အခြားနေရာများရှိလူများက ထိုအဖြစ်ကို ကြည့်ကာ လှောင်ပြောင် နေကြသည်။

''ဟဲ့ နေရောင်ခြည်ဂိုဏ်းချုပ် ရဲ့ သားကို ကြည့်ပါအုံး ငိုနေပုံကိုက အနိုင်ကျင့်ခံလိုက်ရတဲ့ မိန်းကလေးအတိုင်းဘဲ''

''ဟဟ ဟုတ်ပအေ''

''ငါကတော့ စုဝေးကွင်းပြင် ကဂိုဏ်းသားတွေကိုသနားမိတယ်''

''ငါရောဘဲ''

''ခုနက ပြုတ်ကျလာတော့ နင်တို့ကြားလိုက်လား ငါတော့ အရိုးကြိုးသံကို ကြားလိုက်မိတယ်''

''ငါလည်းကြားလိုက်တယ်''

''နေရောင်ခြည်ဂိုဏ်းက လူတွေက အဝလွန်ခြင်း ဆိုတဲ့ ကျင့်စဉ် ကိုများကျင့်ကြံနေတာများလားမသိဘူး''

''ဖြစ်နိုင်တယ်''

''ဟားဟားဟား ''

နေရောင်ခြည်ဂိုဏ်းချုပ်ရဲ့ မျက်နှာမှာ မည်းလာတော့သည်။
ရာရာစစ ကြည့်နေ သူတို့ကို လှောင်ပြောင်ခဲ့တဲ့လူတွေကို သူမှတ်ထားတယ် အခုတော့ သူ့ဘေးရှိ အသုံးမကျသောသားကို ကြည့်ကာ ဘေးက ကိုယ်ရံတော် တွေကို အချက်ပြလိုက်သည်။

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now