54

748 69 14
                                    

ကျန်းရှင်းရန် သူ့အရှေ့မှ နှစ်ယောက်ကိုကြည့်ကာတူတွေခပ်တင်းတင်းဆုပ်ထား လိုက်မိပြီး မကြာခင်တူများနှစ်ပိုင်းကျိုးသွားသည်။

"ကော ဘာဖြစ်လို့လည်း"

ကျန်းဟွေ့က စားနေရင်းမှခေါင်းမော့မေးလိုက်သည်။ ကျန်းဟွေ့မေးသံကြောင့် ကျိုးရန်ရှင်း ယွီရှောင် နဲ့စကားပြောနေရင်းမှာလှည့်ကြည့်လာကာ ကျန်းရှင်းရန် ကိုလှောင်ပြုံးပြုံးပြသွားသည်။

"ဘာမှမဖြစ်ဘူး"

ကျန်းရှင်းရန် လေသံတွင်ဒေါသအပြည့်ဖြစ်ပြောလိုက်သည်။

သူတို့နေ့လယ်စာစားပြီးနောက် ခရီးဆက်ကြသည်။ လူအုပ်က နည်းနည်းများတာကြောင့် အပြင်ကိုမှ ချောမောလှပသော ကောင်လေးနှစ်ယောက်ပါနေသဖြင့် လမ်းရှိ မိန်းမပျိုများ လှည့်ကြည့်လှည့်ကြည့် ဖြစ်နေသည့်အပြင် အချို့ ရဲတင်းသော မိန်းမပျိုလေးများက နောက်မှတကောက်ကောက် လိုက်လာလေသည်။

ကျိုးရန်ရှင်း နှင့် ဟုန်ရန် တို့က တည်းခိုခန်း တစ်ခုထဲဝင်သွားသည်။ ယွီရှောင် ကျိုးရန်ရှင်း တို့ဝင်သွားသော တည်းထိုခန်းထဲဝင်ရန်ပြင်နေတုန်း သူ့ရှေ့က လူအုပ်ကမရပ်ဘဲ ဆက်သွားနေသည်ကိုတွေ့လိုက်ရသည်။

ထို့ကြောင့် သူလည်းထိလူအုပ်နောက်လိုက်ရပြန်သည်။ ရွာအပြင်ရောက်တော့မှောင်နေပြီဖြစ်ကာ ကျန်းမင်းယွီ သန့်စင်ထားသော အဆာခံဆေးလုံးများကိုသောက်လိုက်ပြီး သစ်ပင်ပေါ်ကိုယ်စီတက်ကာ အနားယူလိုက်သည်။

ယွီရှောင် သစ်ပင်ပေါ်ခုန်တက်ရင်း L ကို အထွန့်တက်နေသည်။

"ဘယ်လောက်တောင် ဆင်းရဲတဲ့ဇာတ်လိုက်လည်း တည်းခိုခန်းငှါးဖို့တောဂ်မတက်နိုင်ဘူး တစ်ခြား ဇာတ်လိုက်တွေဆို အကောင်းဆုံးတည်းခိုခန်းက အကောင်းဆုံးအခန်းကိုငှါ အဲ့မှာ လူချမ်းသာ သခင်ငယ်လေးက ရောက်လာ အခန်းလု ရှုံးသွား ဇာတ်လိုက်ကို မကျေမနပ်ဖြစ် လိုက်နှောင့်ယှက် ဇာတ်လိုက်လက်ထဲ ကျရှုံး နောက်ဆုံး ဇာတ်လိုက်ညီနောင်ဖြစ် ဘယ်မလဲအဲ့ဇာတ်ဝင်ခန်းတွေ ငါဘာလို့ဒီကမ္ဘာမှာ ဗီလိန်ဖြစ်နေရတာလည်းကိုမသိဘူး "

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now