11

2.3K 320 10
                                    

ဂိုဏ်း များက ဘုံခုနစ်ဆင့်ဂိုဏ်း ရောက်လာတာကို မြင်တော့ အံဩ သွားပေမယ့် ဝက်ဝံဂိုဏ်းကို ကြည့်ကာ တစ်ခုခုကို သဘောပေါက်ဟန် နားလည်သွားလေသည်။

များသောအားဖြင့် ဂိုဏ်း ၁၀၀ စုဝေးပွဲ တွင် ဂိုဏ်း ၁၀၀ မှအပ အခြားဝင်ခွင့်ကတ် ရသောဂိုဏ်းများတွင် ခနခန အခိုးခံရတာမျိုးရှိကာ ဂိုဏ်း ၁၀၀ တောင်မှ ထိုဝင်ခွင့် ကတ်ကို သေချာသိမ်းရလေသည်။

ထိပ်သီးဂိုဏ်း ၁၀၀ မှ အပယ်ခံရရင်နောက်တစ်ကြိမ် ဂိုဏ်း ၁၀၀ ထဲဝင်ဖို့ မလွယ်တော့ပေ။

လေသင်ဂိုဏ်း အကြီးအကဲ မှာ ဝက်ဝံဂိုဏ်း အကြီးအကဲ အနားသွားကာ သူ့ဘေးရှိ အခြားအကြီးအကဲ တစ်ယောက်ကိုပြောနေဟန်ဖြင့်

''အိုက်ယိုး အခု ဂိုဏ်း အသစ်တွေရဲ့ လုပ်နိုင်စွမ်းက မသေးပါလား စီနီယာတွေ ကိုတောင် မလေးစားတော့ဘူး''
ဟုရွှဲ့ပြောလိုက်သည်။

ဝက်ဝံဂိုဏ်းချုပ် မှာ ထိုအကြီးအကဲ အနားတွင်ရှိတာကြောင့် ထိုစကားကိုကြားတော့ မီးထဲလောင်စာထည့်သလို ဒေါသများဟုန်းကနဲ ထွက်လာတော့သည်။

ထိုစကားများက ဘုံခုနစ်ဆင့်ဂိုဏ်း ကိုပြောနေပုံပေါက်သော်လည်း အမှန်မှာတော့ ဝက်ဝံဂိုဏ်း က အခု အသစ်တက်လာသော ဂျူနီယာလေးတွေလောက်တောင် အသုံးမကျတော့ဘူးဟု ပြောတာဖြစ်သည်။

ထိုစဉ် လူတစ်ယောက်က မောင်းကို ထုလိုက်လေသည်။ ထိုမောင်းက ပြိုင်ပွဲတွင်အသုံးပြုကြသောမောင်းဖြစ်ကာ ပြိုင်ပွဲဝင်များကို တိတ်တိတ်နေရန်နှင့် ပြိုင်ပွဲစ​တော့မည်ဖြစ်ကြောင်းအသိပေးခြင်းဖြစ်သည်။

ဒီတစ်ခါ ဂိုဏ်း ၁၀၀ စုဝေးပွဲ ကို အဆင့် ၂၅ ရှိသော မြူနှင်းဂိုဏ်းက ကျင်းပသည်။

မြူနှင်းဂိုဏ်းက ဂိုဏ်းနာမည်အတိုင်းပင် ဂိုဏ်းတစ်ခုလုံးကို မြူနှင်းများအုပ်ထားသည်။

ထိုမြူနှင်းများက အစကတည်းရှိတာဖြစ်ပြီး မြူနှင်းဂိုဏ်း တည်ထောင်သူက ထို မြူများကို အခြေခံပြီး ကာကွယ်ရေး အင်းကွက်တစ်ခုပြုလုပ်ခဲ့ကာ ထိုအင်းကွက်က အဆင့် ၈ ကာကွယ်ရေးအင်းကွက်ဖြစ်သော်လည်း အခြားအဆင့် ၈ အင်းကွက် များထက် ပိုကောင်းကာ ရှားပါးသော အဆင့် ၉ အင်းကွက်နှင့် တောင်ယှဉ်လို့ရသည်။

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now