42

1.1K 138 18
                                    

ရေမြင်းဂိုဏ်း အကြီးအကဲက သူ့ဘေးရှိ လူတစ်ယောက်ကို ခေါင်းညိတ်ပြလိုက်သည်. 

ထိုလူက လူကောင်ထွားထွားကြီးဖြစ်ပြီး နက်ပြာရောင် ဝတ်ရုံကို ဝတ်ထားကာ ရှည်လျားလှသော ဓားရှည်နှစ်ချောင်းကို X ပုံစံ ကျောတွင်လွယ်ထားသည်။

လေးထောင့် ကျသောမျက်နှာ မေးရိုးထင်ထင်နှင့် သားသတ်သမားများနှင့် ခပ်ဆင်ဆင် ရုပ်ရည်ရှိကာ ဆံပင်တိုတိုနှင့် ကြည့်ရတာ ကြောက်စရာကောင်းလှသည်။

ထိုလူက တင်းမာသော မျက်နှာထားဖြင့် ပြိုင်ပွဲစင်မြင့် ထက်သို့တက်သွားသည်။
ကျန်းရွှီသောက် က သူ့ဘေးတွက်ရပ်နေသော ကျန်းလင်ကို လှည့်ကြည့်လိုက်သည်။

ကျန်းလင်ကလည်း နာလည်ဟန်ခေါင်းညိတ်ပြကာ ပြိုင်ပွဲစင်မြင့် ထက်သို့ တက်သွားတော့သည်။ ယနေ့တွင် ကျန်းလင် က အဖြူရောင် ဝတ်ရုံ အပေါ်တွင် အပြာရောင်ထက်ဝတ်ထားကာ ဝတ်ရုံ လည်ပင်းကို တင်းတင်းစေ့ထားပြီး သူ့ရဲ့ ခါးတွင်တော့ လှပသော ဘုံခုနစ်ဆင့်ဂိုဏ်း ရဲ့ သင်္ကတ ဖြစ်သော အဖြူရောင် ဓားကို လွယ်ထားသည်။

အနည်းငယ်သွယ်သော မျက်နှာနှင့် ရှည်လျားသောနှာတံ ရှိကာ လှပသော နီညိုရောင် နှာတ်ခမ်းတစ်စုံက တင်းတင်းစေ့ထားကာ မိုးမခ ရွက် ကဲ့သို့ရှိသော လှပသည့် အနက်ရောင်မျက်ဝန်းများက သူ့အရှေ့က ပြိုင်ဘက်ကို စူးစိုက်ကြည့်ကာ သေချာအကဲခတ်နေပုံရသည်၊၊

သွယ်လျသော မျက်ခုံးနှင့် ရှည်လျားသော မျက်တောင်များက ထိုမိုးမခရွက် မျက်ဝန်းများကို အလှဆင်ထားသေးသည်။

ကျောလည်ထိရှည်သော အနက်ရောင် ဆံနွယ်များကို အပြာင်ရောင် ဖဲကြိုးဖြင့် ခပ်မြင့်မြင့် ချည်ထားသည်။

ထို့နောက် စင်မြင့်ပေါ်သို့ တစ်လှမ်းချင်းဖြင့်လှမ်းလာနေသည့် ပုံမှာ အလွန်ကို လှပကာ စစ်ပွဲတွင် အောင်မြင်မှု့ များကို အဆုံးမရှိ စွတ်ခူးနိုင်သည့် စစ်သူကြီး တစ်ယောက်နှယ်

သူ့ရဲ့ လှပသော ပုခုံးကို ခပ်မြင့်မြင့် မြှောက်ကာ သွယ်လျသောခါး တွင် အဖြူရောင် ခါးပတ်ကို ပတ်ထားပုံ မှာ သူ့ရဲ့အချိုးစားလှပသော ကြွက်သားများနှင့် အမှန် စင်စစ် နတ်ဘုရားတစ်ယောက်နှယ်တူလှသည်။

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now