30

1.3K 182 12
                                    

ဖုန့်စွေ့က သူ့အရှေ့က မြင်ကွင်းကို ကြည့်ကာ ကြောက်လာသည် ထိုလူ ကသူ့ရဲ့ ဓားတစ်ချက်ဝေ့ရုံနဲ့တင် သူ့နောက်လိုက်များကို ပြိုင်ပွဲကနေထွက်အောင်လုပ်နိုင်သည်၊၊

ထိုသူကပေါ့သေးသေးတော့မဟုတ်လောက်ပေ သူ သူ့ခါးနားက ဓားကို တုန်ယင်နေသော လက်ဖြင့် ကိုင်လိုက်သည် အဆင်ပြေသွားမှာပါ ငါက သူ့ထက်တောင် အင်အားကြီး တယ် ဟုတ်တယ် သူ့ထက်အင်အားကြီးတယ်။

သူဓားကို လက်နှစ်ဖက်နှင့်ကိုင်ကာ ကျိုးရန်ရှင်း ဆီသို့ပြေးဝင်လာခဲ့သည်။ ကျိုးရန်ရှင်း က သူ့ဆီပြေးဝင်လာသော အဆီတုံးကြီးကို ဘေးကပ်ကာ အသာလေးရှောင်လိုက်သည်။

သူထို အဆီတုံးနှင့် အချိန်အနည်း ငယ်လောက်ကစားအပြီးမှာ ထိုအဆီတုံးကြီးကို ဒေါသထွက်အောင် လုပ်နိုင်ခဲ့သည်။

ဖုန့်စွေ့ သူတိုက်ခိုက်နေရင်းနှင့် အချိန်အနည်းငယ်ကြာမှ သူကစားခံနေရတယ်ဆိုတာ သဘောပေါက်သွားသည်။

သူအတော်လေးဒေါသထွက်နေသည် သူ့ဘဝ တစ်လျှောက်လုံးတွင် လူတိုင်းက သူ့ကို ရိုရို သေသေ သာ ဆက်ဆံကြကာ ယခုလို သူနောက်ပြောင်ခံရဖို့ဆိုတာ ဝေလာဝေးဖြစ်သည်။ ထို့ကြောငု့ သူ့ကိုယ်သူ မထိန်းနိုင်လောက်အောင်ကို ဒေါသ ထွက်ကာ ချီစွမ်းအင် ထုတ်သုံးမိသွားသည်။

သိပ်မကြာခင်မှာဘဲ ခါးမှာရှိတဲ့ ခါးပတ်က အလင်းရောင်များဖြာထွက်လာကာ သူ့ကို ပြိုင်ပွဲကနေ ထုတ်ပယ်ခြင်းခံလိုက်ရပြီး အပြင်ကိုရောက်သွားသည်။

ထိုချိန်တွင် ယွီရှောင်မှာ ဘေးကနေ ပွဲကြည့် ပရိတ်သတ် လုပ်နေလေသည်။ ပွဲစမှ ပွဲဆုံးထိ သူ စကားတစ်ခွန်းတောင်ဝင်မပြောလိုက်ရပေ သို့သော် မဆိုးပါဘူး သူကြည့်ချင်သည့် ဇာတ်ကွက်ကို ကြည့်လိုက်ရသည်လေ။

''ကျေးဇူးပါ ကောကော ''
'' အင်း ''

ထိုအချိန် သု့ဘေးကနေ ချစ်စရာကောင်းသောအသံထွက်လာကာ တစ်ဆက်တည်း အေးဆက်သောအသံကပါ ကပ်ပါလာသည်။

''သွားရအောင်''
ကျိုးရန်ရှင်း မှာတော့ ထိုသူတွေကို ဂရုမစိုက်ပါ သူယွီရှောင်ကို ခေါ်ပြီး ထွက်သွားဖို့လုပ်နေတုန်း အနောက်ကနေ အသံတစ်သံထွက်ပေါ်လသည်။

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now