53

652 70 14
                                    

သူကဝတ်ရံလက်ပြတ်တစ်ယောက်လေ

'' ခင်ဗျားက ဘယ်သူလည်း"

"ငါက မင်းတို့ဆရာဘဲလေ"

ရိုဟွားရန် ပြန်ဖြေလိုက်သည်။

"ဒီမှာ ရှင့် ဒီကမိတ်ဆွေက ဆရာအဖြစ်ဘာကြောင့်များ ဟန်ဆောင်ထားတာ လည်းရှင့်"

အသံချိုချိုနှင့် လူကြီးလူကောင်းဆန်သော အမျိုးသမီး( အင်းပြောရရင် ကလေးပေါ့ ) ကမေးလိုက်သည်။

သူမက ရီရွှယ် တပည့် ငါးယောက် အထဲမှတစ်ယောက်ဖြစ်သည်။ တပည့် ငါးယောက်တွင် သုံးယောက်က ယောက်ျားလေးဖြစ်ကာ ကျန်နှစ်ယောက်က မိန်းကလေးဖြစ်သည်။

"ဝေး ဦးလေးကြီး ပြောစရာရှိတာသာပြောစမ်းပါ လာဟန်ဆောင်မနေနဲ့ ခင်ဗျားက ကျွန်တော့်ဆရာဆိုတာ လုံးဝကိုမဖြစ်နိုင်တာ"

ယောက်ျားလေး သုံးယောက်ထည်းမှ တစ်ယောက်က  စိတ်မရှည်သော လေသံဖြင့်ပြောကာ တစ်ဆက်တည်းသူ့ရဲ့ ဓားကိုဆွဲထုတ်ရန်ပြင်လိုက်သည်။

"ကျစ် ငါက မင်းတို့ရဲ့ဆရာ မြူနှင်းဂိုဏ်းချုပ် ရီရွှယ် "

ရိုဟွားရန် ပျင်းရိလေးဖင့်နေသော လေသံဖြင့်ရှင်းပြလိုက်သည်။

"ကောင်းပြီ ခင်ဗျား မပြောချင်ရင် ကျွန်တော်တို့ အဆိုးမဆိုနဲ့ "

ထိုကောင်လေးက ဓားကိုဆွဲထုတ်ကာ ရိုဟွားရန် ထံသို့ တည့်တည့်ဝင်သွားသည်။

"ဆရာတူညီလေး ရပ်လိုက်"

ရိုဟွားရန် သူ့ရဲ့လက်ကို မြှောက်ပြီး တစ်ချက်လောက်ပျင်းရိစွာ ယမ်းလိုက်ရာ သူ့ရဲ့ ဝတ်ရုံလက်အနားမှ ပန်းနုရောင်ပန်းပွင့်များက လွှင့်စင်လာသည်မှာ ပန်းတစ်ဆုပ်ကိုကိုင်ပြီး ကြဲချလိုက်သည့်အလားပင်။

ထိုပွင့်ချက်များက ခုနက ဓားကိုင်ထားသော ကောင်လေးထံသို့ တည့်မတ်စွာ လွှင့်စင်သွားကာ ပွင့်ချပ်တစ်ချပ်က ထိုကောင်လေးရဲ့ ဝတ်ရုံလက်အနားကို ထိမိသွားသည်နှင့်တစ်ပြိုင်နက် ရုတ်တရက် လျှင်မြန်လှသော အရှိန်ဖြင့် မီးတောက်များကပေါ်လာလေသည်။

ထိုမီးတောက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ့အရှေ့တွင် အကာကွယ် အစီရင် တစ်ခုက ချက်ချင်းပေါ်လာသည်။

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now