56

857 56 5
                                    

သူ့အမြင်အာရုံပြန်လည်ကြည်လင်လာတော့ ယွီရှောင် သူ့စိတ်ထဲတစ်စုံတစ်ခုဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။ ရုတ်တရက်တစ်စုံတစ်ခုကိုသတိရသွားပြီး ထိတ်လန့်စွာအော်မိလိုက်သည်။

''L!!!! L..!!!!"

"ငါ့ကိုမခြောက်နဲ့နော်  system 0358 host အမိန့်ပေးတယ် အခုချက်ချင်း သတင်းအချက်လက်များကိုဖော်ပြပါ system 0358 system 03.."

" host system 0358 မှ သတင်းပို့ပါသည်။''

''L ကောင်းတယ် ကံကောင်းလို့ မင်းဘယ်မှာလည်း ငါ့အသိစိတ်ပင်လယ်ထဲမှာ ခံစားလို့မရတော့ဘူး "

ယွီရှောင် သူ့မျက်နှာထက်စီးကျနေသော နှာရည်နှင့်မျက်ရည်များကို သုတ်ကာ ဟိုဟိုသည်သည် ခေါင်းလှည့်ရင်း မေးလိုက်သည်။

အီ...

ရုတ်တရက်သူ့ဘေးက နူးညံသည့် အသံလေးကြောင့်ကြည့်လိုက်တော့ ခုနက မြေခွေး မိခင်ကြီးရဲ့ ဝမ်းဗိုက်မှထွက်လာသော လမပြည့်သေးသည့် မြေခွေးပေါက်စနလေးပင်။

"L?''
ယွီရှောင် ခနလောက်အေးခဲသွားပြီးမေးလိုက်သည်။

''host ကျွန်တော်ပါ''

'' ဘယ်လိုဖြစ်သွားတာလဲ ''

မြေခွေးလေးက သူ့ခေါင်းပိစိလေးကို နည်းနည်းစောင်းလိုက်ကာ လက်ဖဝါးကိုပင့်ကြည့်လိုက်သည်။

'' သိဘူးလေ ဒါပေမယ့်ကောင်းတယ့်ကိစ္စဘဲနေမှာပါ"

"အဲ့လိုဘဲမျှော်လင့်ရတာပေါ့ အခုလမ်းလျှောက်နိုင်လား"

"ဟင်အင့်"

ယွီရှောင် မြေခွေးမကြီးအတွက် မြေတူးပြီးမြှပ်နှံပေးလို့မရတာကြောင့် သူမ ရှိနေသောနေရာကို ရှင်းလင်းပေးလိုက်ကာ မြေခွေးရဲ့ ဘေးတွင် သစ်သားတစ်ခုစိုက်ထူပြီး ကမည်းတိုင်လုပ်ပေးလိုက်သည်။ အမည်ရေးဖို့မှင်မရှိတာကြောင့် သူ့ဓားဖြင့်သာ မြေခွေးဗိမာန် လို့ရေးပြီး စိုက်ထူလိုက်သည်။

ထို့နောက်မြေခွေးပေါက်လေးကို သူ့အဝတ်ထဲထည့်ကာ ခေါင်းလေးကိုအပြင်ထုတ်ပေးလိုက်ပြီးနောက် ဇာတ်လိုက် sama ဆီပြန်သွားတော့သည်။

ယွီရှောင်ထွက်သွားပြီးနာရီဝက်ကျော်ကြာတွင် ကျန်းမင်းယွီ သည် မြေခွေးမသေနေသော နေရာသို့ရောက်လာသည်။ သူမကိုကြည့်ရတာ မျက်လုံးများကအသက်မဲ့နေပုံရပြီး မသိရင် ရုပ်သေးရုပ်တသ်ခုကဲ့သို့ပင် လမ်းလျောက်နေကာ မြေခွေးမ အနားသို့ချဉ်းကပ်လာသည်။

You've reached the end of published parts.

⏰ Last updated: Jul 15, 2023 ⏰

Add this story to your Library to get notified about new parts!

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now