45

881 117 7
                                    

''အားးး ဒါဒါ ဘာကြီးတုန်း တာဝန်ရှိတယ့်လူတွေဘယ်ရောက်ကုန်တာလဲ''

ပန်းနတ်ဘုရားတစ်ဖြစ်လည်း ကျန်းမင် က သူ့အရှေ့က ဖန်သားပြင်ကို ကြည့်ကာ ကျယ်လောင်စွာအော်လိုက်သည်။

မကြာခင်မှာဘဲ အသက် ၄၀ အရွယ် သာမာန်ရုပ်ရည်နဲ့လူတစ်ယောက်က ရောက်လာတော့သည်။

''အရှင့်သား ဘာများပြဿနာရှိလို့ပါလဲ ''

ထိုလူကြီးမှာ ပန်းနတ်ဘုရားကို အရှင့်သားဟု တရိုတသေ ခေါ်ကာပြောလိုက်သည်။ ထို့နောက်ပန်းနတ်ဘုရားကြည့်နေတဲ့ ဖန်သားပြင်ကို စိတ်ရှုပ်စွာလှည့်ကြည့်လိုက်သည်။

ပန်းနတ်ဘုရားက ယနေ့တွင် ဖန်တီးရေးဌာနသို့ ဆိုင်းမဆင့် ဘုံမဆင့်ရောက်လာကာ ချိတ်ပိတ်ခံရသော ကမ္ဘာကို ပြန်ပြင်နေသည့် အခန်းသို့ ဝင်သွားပြီးနောက် နာရီဝက်ကြာချိန်တွင်ယခုလိုအသံကြားရခြင်းပင်ဖြစ်သည်။

''ဘာပြဿနာ ရှိလို့လည်းဟုတ်လား မင်းဘယ်လိုတောင်မေးရက်တာလဲ ကြည့်စမ်းပါအုံး အဲ့ ကမ္ဘာက ဇာတ်ကြောင်းကို ဒါလားငါဝင်ရမယ့် အထူးကမ္ဘာဆိုတာဟန် ပြောစမ်း အဆင့်နိမ့် ကမ္ဘာ တောင်အဲ့ထက်သာတယ်''

ပန်းနတ်ဘုရားက ထိုစကားကိုကြားတော့ဒေါသထွက်ကာ အသံကြယ်ကြယ် ဖြင့် အော်ဟစ်ကာ သူ့အရှေ့က ဖန်သားပြင်ကို ထိုလူလက်ထဲထည့်လိုက်တော့သည်။

တစ်ဖက်လူက ထိုဇာတ်ကြောင်းကို ဖတ်ပြီးနောက်မျက်နှာပြက်ကာ အော်လိုက်သည်။

''နာမည် ဌာနနဲ့ အချိန်ဌာနကလူတွေအကုန် ခေါ်ခဲ့''

အချိန်ဌာနဆိုတာကကမ္ဘာတစ်ခုကိုပြုလုပ်မည်ဆိုလျှင် ထိုကမ္ဘာရဲ့ အချိန်ကို ထိန်းချုပ်ပေးရတာဖြစ်သည်။

ဥပမာ ကမ္ဘတစ်ခုကို ရဲ့ အချိန်က နှေးလျှင် mission လုပ်ရတာ မြန်ကာ ပို၍လွယ်ကူသည်။ ကမ္ဘာတစ်ခုရဲ့အချိန်မြန်လျှင်တော့ mission လုပ်ရတာပိုမိုခက်ခဲလာသည်။အမြန်ဆုံးက ၁ ဖြစ်ကာ အနှေးဆုံးအချိန်က ၉၉.၉ %ဖြစ်သည်။

အချိန်ကို လိုသလို တိုးလျှော့လုပ်တာ အချိန်နှေးအောင် သို့မဟုတ် မြန်အောင် ထိုကမ္ဘာ ရဲ့ အချိန်ကို ထည့်သွင်းပေးခြင်းဖြစ်ကာ ကမ္ဘာတစ်ခုရဲ့ အဆင့်မြင့်လေ အချိန်မြန်လေဖြစ်သည်။

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now