17

1.7K 225 2
                                    

ကျန်းရွှီသောက် သူ့ တပည့် နှစ်ယောက်ကြည့်နေတဲ့နေရာကို လှည့်ကြည့်လိုက်ပြီး ထူးဆန်းစွာ နှုတ်ခမ်း ထောင့်ကလေးက ကွေးတက်သွားသည်။

'ဟူမ်း စိတ်ဝင်စား စရာဘဲ '

သိပ်မကြာခင်မှာဘဲ ကွင်းပြင်ကျယ်ကြီး ကလူအားလုံးက အခြားတစ်နေကို သွားနေကြသည်။

''အကိုကြီး အဲ့ ဂိုဏ်းက စိတ်ဝင်စားစရာဘဲ''
ခရမ်းနုရောင်ဝတ်စုံဝတ် ထားသောကောင်လေးက သူ့ဘေးက ရွှေရောင် ဝတ်စုံဝတ်ထားသောကောင်လေးကိုပြောလိုက်သည်။

''မင်းတို့ဂိုဏ်း ဝတ်စုံတွေ ဘယ်ရောက်သွားလို့ ပေါက်တကရ အရောင်တွေ ဝတ် ထားကြတာလဲ''

ထိုစဉ်သူ တို့အနောက်ကနေ အသံတစ်သံထွက်ပေါ်လသည်။ သူတို့နောက်လှည့်ကြည့်လိုက်ပြီးနောက် စပ်စုနေသောကောင်လေးက အောက်မေးရိုးကြီး ပြုတ်ကျ သွား သလားထင်ရအောင် ပါးစပ်ကြီး ဟသွားသည်။

''အကိုကြီး ဟဲဟဲ ဘယ် လိုရောက်လာတာလဲ''

''မင်းတို့ဂိုဏ်းကို ပြန်မလာလို့လေ''

'' အာ.. အဲ့တာ ဟုတ်တယ် အဲ့တာက လေ ''

''အင်းဆက်ပြော ''

''အဲ့တာ အကို ကြီးက မြူနှင်းဂိုဏ်းက ရှု့ခင်းလှတယ်ဆိုလို့တဲ့ အဲ့တာကြောင့်''

( အပိုင်း ၁၂ က စပ်စုစိန်လေး ပါနော် မှတ်မိကြရဲ့လား)

ထိုအကိုကြီးဆိုသူက ရွှေရောင် ဝတ်စုံ ဝတ်ထားသော ကောင်လေးဘက်သို့လှည့်ကာ

''အာ့ ရှစ်တိ သူပြောတာအမှန်လား''
( ရှစ်တိ ဆရာတူညီလေး
   အာ့  နှစ်)

'' ရှစ်ရှုန်း ကျွန်တော် မျိုးစေ့ ကောင်းရှာတွေ့ထားတယ်''

ထိုရှစ်ရှန်းဆိုသူက မျက်ခုံးပင့်လိုက်မိသည်။ မျိုးစေ့ကောင်းဆိုပါလား ဘယ်သူ့ကိုမှ မချီးကျူး တတ်တဲ့ သူ့ရဲ့ ညီလေးက ချီးကျူးတယ်ဆိုတော့ စိတ်ဝင်စားစရာဘဲ။

''ကောင်းပြီလေ ဒါဆိုမင်းပြောတဲ့မျိုးစေ့ကောင်းကို ကြည့်ရတာပေါ့''

.......

''အားလုံးဘဲ သိုင်းပညာရှင် တွေရဲ့ပြိုင်ပွဲကနေကြိုဆိုပါတယ် ပြိုင်ပွဲဆင်မြင့် ၁၀ ခုရှိပြီး အဆင့်တူ တဲ့ ပြိုင်ဘက်အချင်းချင်း ဘဲစိန်ခေါ်လို့ရပါမယ်

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now