23

1.4K 199 9
                                    

'host!!!!!!!!! ထတော့ မြန်မြန် ထပါတော့  host အရှေ့မှာ အဆင့် ၃ အဆင့်မြင့် သားရဲကြီးရှိနေတယ်လို့'

ဝူးဝူးဝူး ╥﹏╥ system လေးငိုနေပြီ ဘာလို့ အိပ်ရေးပါး တဲ့ host က ဆင်နင်းရင်တောင်မနိုးတဲ့ လူလိုအိပ်နေရတာလဲ

ထိုအချိန်တွင် ကျန်းယွီရှောင် အိပ်နေသော သစ်ပင် ပေါ်ကနေ အနက်ရောင် အရိပ်တစ်ခု အောက်သို့ကျလာတော့သည်။

ထို့နောက် သူ့လက်ထဲက ဓားကို ဝေ့ယမ်းကာ အဆင့်၃အဆင့်မြင့် သားရဲကို တစ်ချက်တည်းဖြင့် သတ်လိုက်သည်၊၊

ထို့နောက် ဓားကို ဓားအိမ်ထဲထည့်ကာ ယွီရှောင် အနားရောက်လာသည်။
ထို့နောက် ယွီရှောင် ခေါင်းရင်းတွင် တင်ပလွေခွေ ထိုင်ကာ ယွီရှောင် ရဲ့ ဆံပင်များကို ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်သည်။

'' သခင်ရေ....host ကဘာဖြစ်တာလဲ လုံးဝ နိုးလို့မရဘူး''

ထိုလူက မီးပုံဘေးက အကြွင်းအကျန်များကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်၊၊

''L ယွီလေး ကမြွေသားရဲကို စားခဲ့တာလား ''

''ဟုတ်''

''ကောင်းပြီ နောက်ဆိုသတိထား ငါမင်းကို သားရဲအကြောင်း data ထည့်ပေးလိုက်မယ် ''

ထို့နောက် ထိုအနက်ရောင်ဝတ်ရုံ ခြုံထားသောလူ က xianxia novel တွေမှာ လုံးဝမရှိသော ဖောက်ထွင်းမြင်နိုင်သည့် screen တစ်ခု လေထဲပေါ်လာသည်။

ထို့နောက်ထိုလူက သူ့ရဲ့ ကျောက်စိမ်းဖြူကဲ့သို့ ချောမွတ် ဖြူဖွေး သွယ်လျလှပသော လက်ကို သူ့ရဲ့ ဝတ်ရုံအတွင်းမှ ထုတ်လိုက်သည်။ ထိုလက်ပေါ်တွင် လက်ရဲ့ အရိုး ပုံသဏ္ဍာန် ကဲ့သို့ အနီရောင် အချောင်းရှည်များကို သူ့ရဲ့လက်တွင် တပ်ဆင်ကာ လေပေါ်တွင် ခလုတ်များကို နှိပ်နေပုံပေါ်နေသည်။

( a/n  media ကပုံမျိုးပါ ဒါပေမယ့် သူ့ဟာက လက်ထိပ်ထိပါ လက်ဖဝါးဆစ်အထိမဟုတ်ပါဘူး)

ထို့နောက် code အရှည်ကြီးတစ်ခုကို ရေးလိုက်ပြီးနောက် ထို screen ကလေထဲတွင်ပျောက်ကွယ်သွားသည်။

ထို့နောက် ထိုလူက ယွီရှောင် ရဲ့ နှုတ်ခမ်း ပေါ်ခပ်ဖွဖွ နမ်းကာ ဆေးလုံးတစ်လုံးကို ယွီရှောင် ပါးစပ်ထဲသို့ ထည့်လိုက်ပြီးနောက် လေအဝေ့တွင် ပျောက်ကွယ်သွားတော့သည်။

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now