48

991 101 23
                                    

ရွံရှာဖွယ်အကြောင်းအရာများပါသဖြင့် ရွံတက်သော စာဖတ်သူများ.......ချထားသောနေရာရောက်လျှင်ကျော်ဖတ်ပေးပါ

ရွှေရောင် တလတ်လတ် ဖြင့် တောက်ပကာ လှပလွန်းသော ပန်းခက်ပန်းနွယ် များဖြင့် အလှဆင်ထားသော ခန်းမကြီးတစ်ခုသို့ လူတစ်စုကရောက်လာသည်။

ထို့နောက် ထိုလူစုထဲက အသက် ၄၀ အရွယ်လောက်ရှိသော ရွှေရောင်နှင့် အဖြူရောင် စပ်ထားသောဝတ်ရုံကို ဝတ်ထားသည့် လူတစ်ယောက်က ရှေ့ထွက်လာ ဘာမှမရှိသော အဖြူရောင် နံရံကို လက်ဖြင့်ထောက်လိုက်သည်။

သိပ်မကြာခင်မှာဘဲ ရွှေရောင် အစီရင်ငယ်တစ်ခုက နံရံ တွင်ပေါ်လာကာ ထိုနံရံ ကထူးဆန်းစွာဖြင့်နှစ်ခြမ်းကွဲသွားပြိး ထိုလူစုက အထဲကိုဝင်သွားကြသည်၊၊

မှေင်မဲနေသော နေရာတစ်ခုကို မီးတုတ်များဖြင့် အလှဆင်ထားကာ လေထုက စိုစွတ်နေကာ ချောက်ခြားဖွယ်ကောင်းသော ပုံရိပ်ကိုပေးဆောင်နေသည်။

ထိုလူတစ်စုက ထိုလမ်းကျဉ်း လေးထဲကနေ ကျယ်ဝန်းသော ခန်းမထိလျှောက်သွားလေသည်။

ထိုခန်းမ အလယ်တွင် ကြီးမားသောအစီအရင်တစ်ခုရှိကာ ထိုအစီအရင် အလယ်၌ သံကြိုးများစွာဖြင့် လူတစ်ယောက်ကို ချိတ်ဆွဲထားလေသည်။

ထို့နောက် ခုနက နံရံ ပေါ်တွင် အစီအရင်သုံးခဲ့သော လူက သူ့ ဝတ်ရုံလက်ထဲကနေ အဖြုရောင် အလုံးငယ်လေးကို ထုတ်ကာ  ခန်းမအလယ်ရှိလူ ထံ သို့ အလုံးငယ်လေးကို ညွှန်ပြလိုက်သည်။

အဖြူရောင် အလုံးလေးက အသိရှိနေသလို လေပေါ်ပျံဝဲ နေကာ ခန်းမအလယ်သို့ ဖြည်းဖြည်းချင်း ပျံ သန်းသွားလေသည်။

သိပ်မကြာခင်မှာဘဲ ထိုအလုံးက ခန်းမအလယ်မှ လူထံရောက်သွားကာ စွတ်စွတ်ဖြူနေသော အဖြူရောင်မှ အနက်ရောင် အဖြစ် တဖြည်းဖြည်း ပြောင်းလာကာ အလုံးလေးရဲ့ ၃ ပုံ ၁ ပုံလောက် အထိအနက်ရောင် ဖြစ်လာသည်။

'' မသန့်စင်ဘူး ''

ကျန်းမင် က ထိုအလုံးကို ကြည့်ကာ သူ့ဘေးတွင်ရှိသော ကျောက်စိမ်းဧကရာဇ် ( တစ်နည်း နတ်မင်းအရှင်) ကြည့်ကာပြောလိုက်သည်၊၊

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now