9

2.4K 361 7
                                    

ယွီရှောင် တခါးပိတ်ကျင့်ကြံနေတာ အခုဆို ၇ လပြည့်ပြီ ထိုအချိန်သူ့ အိမ် တံခါး ခေါက်သံကြားတော့ သူထကာတံခါးဖွင့်ဖို့ သွားနေတုန်း နောက်လှည့် ကြည့်လိုက် တော့ ခဲတောင့်သွားလေသည်။

သူထိုင်နေခဲ့သောနေရာတွင် အမည်းရောင်အိုင်တစ်ခုရှိနေသည်။ သူ့ကိုယ်သူပြန်ကြည့်လိုက်တော့ တစ်ကိုယ်လုံး စေးကပ်ကာ အတော်လေးညစ်ပတ်​နေသည်။

ထိုအချိန် တံခါးခေါက်နေသောအသံ ကပိုကျယ်လာတာကြောင့် သူမတက်နိုင်ဘဲ တံခါးကိုသာဖွင့်ဖို့ရွေးချယ်ရတော့သည်။ တံခါးရှေ့မှာတော့ ချစ်စရာကောင်းတဲ့ ကလေးလေးရပ်နေကာ မိန်းကလေးလာ ယောက်ျားလေး လား တောင်မခွဲခြား နိုင်အောင် ချစ်ဖို့ကောင်းနေသည်။

ထိုကလေးက အပြာနုရောင် ဝတ်စုံကိုကိုင်ထားသည်၊၊ ထိုကလေးက အတော်လေး ချစ်ဖို့ကောင်းသော်လည်း မျက်လုံးများကအသက်မရှိ သေချာတာတစ်ခုကတော့ ထိုကလေးက ရုပ်သေးရုပ်တစ်ခုသာ။

''ဂိုဏ်းချုပ် က အငယ်ဆုံးသခင်လေးအတွက် ဂိုဏ်း ၁၀၀ စုဝေးပွဲကိုသွားရင်ဝတ်ဖို့ ဝတ်စုံပေးလိုက်ပါတယ်''

ထိုသို့ပြောပြီးနောက် ထိုကလေးက ယွီရှောင် ကို သူယူလာသော အဝတ်များပေးလိုက်သည်။ ယွီရှောင် သူ့ကိုယ်က ညစ်ပတ်နေတာကြောင့် အခန်းထဲက စားပွဲပေါ်မှာသာတင်ထားခိုင်းလိုက်သည်။

ထိုကလေးထွက်သွားပြီးနောက် ယွီရှောင် ရေချိုးကာ ထို ဝတ်စုံကိုဝတ်လိုက်သည်။

ထိုဝတ်စုံကို L secon ဖတ်ပြီးနောက် ပါဝင်သောအချက်အလက်များကို ယွီရှောင် ကိုပြလိုက်သည်။ ထိုဝတ်စုံက ကြည့်ရတာသာ သာမာန် ဝတ်စုံ ဖြစ်ပေမယ့် အမှန်တော့ သေချာမကြည့် ရင်တန်ဖိုးကို တော့ သင်သိနိုင်မည်မဟုတ်ပေ။

ထိုဝတ်စုံက အဆင့် ၅ အဆင့်မြင့် ရေခဲပိုး ကနေရသော ချည်ကိုအသုံးပြုကာ ချုပ် ထားပြီး ထို ဝတ်စုံ ကို အဆင့် ၄ အဆင့်မြင့် ကာကွယ်ရေး အင်းကွက်ကို ထည့်သွင်း ထားလေသည်။

သူ့ခါးမှာချိတ်ထားတဲ့ကျောက်စိမ်းပြားက ဂိုဏ်အမှတ်အသား ပုံဖော်ထားကာ သေချာမကြည့်ရင် သာမာန် ဂိုဏ်းအမှတ်တံစိပ် လို့သာထင်ရပေမယ့် တစ်ကယ်တော့ အလယ်အဆင့် လေဟာနယ်ခုန်ကူးခြင်း ကျောက်စိမ်း ပင်။ ထိုလေဟာနယ်ခုန်ကူးခြင်း ကျောက်စိမ်း က ပုံမှန်ဆို ဘာပုံမှမပါပေမယ့် တစ်ကယ့် လက်နက်ထွင်းထုသူ ဆရာကြီးများကတော့ ထိုအရာကို ပိုမို လှပအောင် ပုံများထည့်သွင်းတတ်ကြသည်။

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now