49

934 106 14
                                    

ထိုပြိုကွဲသွားသော ဝိဥာဉ် အပိုင်းများက ခုနက မက်မွန်စေ့ အရွယ် အလုံးလေးထဲ သို့ တဖြည်းဖြည်း ချင်စုပ်ယူခံလိုက်ရကာ ထိုအလုံးငယ်လေးတွင်ရောနေသော အဖြူ နှင့် အနက်ရောင်များက တစ်ခုကိုတစ်ခု ဝါးမြိုနေဟန် နောက်ဆုံးတွင် အနက်ရောင်ကအနိုင်ရသွားလေသည်။

'' မဆိုးပါဘူး နည်းနည်း တော့အလုပ်ရှုပ်ပေမယ့် အသုံးဝင်သားဘဲ ''

ကျန်းမင် ထိုအလုံးငယ်လေးကို မက်မောစွာ ကြည့်ကာ ပြောလိုက်သည်။
ထို့နောက် သူ့ရဲ့ လက်ကိုမြှောက်ကာ ထိုအလုံးကို သူ့ထံလာရန် အစီရင်တစ်ခု ပြုလုပ်လိုက်သည်။

မကြာခင်မှာပင် ကြမ်းပြင်မှ အစိမ်းရောင် နွယ်ပင်များထိုးထွက်လာကာ ထိုအလုံးကို ရတနာတစ်ဖွယ် ဖြည်းညင်းစွာ ရစ်ပတ်ကာ ကျန်းမင် ထံ သယ်ဆောင်လာသည်။

ကျန်းမင်က ထိုအလုံးကို ခပ်ဖွဖွ ထိကာ သေချာသတိထားကိုင်၍ သဘောကျစွာရီကာ ခန်းမထဲမှ အရင်ဆုံးထွက်သွားတော့သည်။

ကျန်သည့်သူများက သူ့နောက်မှ အေးဆေးလိုက်လာသည်။ ကျန်းမင်က ထိုခန်းမ မှထွက်ပြီး ဇာတ်ညွှန်းဌာန သို့တန်းသွားလိုက်သည်။ အရာအားလုံးအသင့်ဖြစ်နေပြီလေ ဘာလို့စောင့်နေရတော့မှာလဲ ။

'' အရှင် ဘယ်လို ဇာတ်ညွှန်းမျိုး လိုချင်ပါသလဲ ''

'' မင်းတို့မှာ ဘယ်ဇာတ်ညွှန်းတွေလွှတ်နေလဲ ''

'' စွန့်ပစ်ခံသခင်လေး
အာဏာရှင်မိသားစုရဲ့ အချစ်ခံသခင်လေး
စွမ်းအားအကြီးဆုံး သားရဲ သခင်
လှပလွန်းသော တောင်သခင်
စွမ်းအားတိုးရန် နည်းလမ်းရှာနေသော အမတသခင် အလှလေး
ပုန်းကွယ်နေတက်သော သူရဲကောင်းငယ် ''

'' အဲ့ဇာတ်ညွှန်း တွေကျန်ပါတယ် ''

ကျန်းမင် သူ့ရှေ့က ဇာတ်ညွှန်းနာမည် များကို ကြည့်ကာ စဉ်းစားလိုက်သည်။ ထိုဘနောက်ဆုံးဖြတ်ချက်ပြတ်သားပုံဖြင့်

'' စွန့်ပစ်ခံ သခင်လေးကို ရွေးမယ် ''

'' အားမင် အဲ့ ဇာတ်ညွှန်းကိုမရွေးသင့်ဘူးနော် အမေ့ရဲ့ ရတနာလေး မင်းလေ က နာကျင်ကမှာ အမေ မမြင်ချင်ဘူး ''

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now