51 Vol2

1.2K 104 18
                                    

ယနေ့တွင် ယွီရှောင်တို့ မသွားရတာကြာပြီဖြစ်သည့် ခန်းမသို့သွားနေတာပင်ဖြစ်သည်။ သူရောက်တော့ ကျန်းရှင်းရန် တောင်ရောက်နှင့် နေပြီဖြစ်သည်။ ကြည့်ရတာသူနောက်ကျပြန်ပြီ။

ခန်းမက အရင်ကလိုဘဲဖြစ်ကာ ဘာမှမပြောင်းလဲသွားပေ သို့သော် အလယ်တွင်တော့ ကျောက်သားစားပွဲ ကြီးတစ်လုံးသာ ပိုလာသည်။

ယွီရှောင် ရောက်တော့ ကျန်းရွှီသောက် က စကားစလာသည်။

'' မင်းတို့တွေ မင်းတို့ရှစ်ရှုန်း ဒဏ်ရာရတဲ့ အကြောင်းကို သိပြီးသားမလား သူ့ဒဏ်ရာ ကိုငါစစ်ကြည့်တော့ ပင်မသွေးကြောထိုခိုက်သွားတယ် ပင်မသွေးကြောပြန်ကောင်းဖို့ဆို အဆင့် ၈ ဆေးလုံးလိုအပ်တယ် ငါ့မှာဆေးအမယ်အကုန်ရှိပေမယ့် နှစ်မျိုးလိုအပ်နေတယ် ရေခဲမြတ်နဲ့ နေမင်းပန်း ဘဲ

ကံကောင်းတာက သူတို့ဘယ်မှာရှိလည်းငါသိတယ် ကံဆိုးတာကတော့ ငါကိုယ်တိုင်သွားယူလို့မရဘူး အဲ့တာကြောင့်မင်းတို့မနက်ဖြန်သွားရမယ် အမြန်ပြင်ဆင်ထား ဒီအိတ်ထဲမှာ အခြေခံ လိုအပ်တာတွေကို ငါပြင်ဆင်ပေးထာယတယ်''

ကျန်းရွှီသောက် ကထိုသို့ပြောပြီးနောက် ရုပ်သေးရုပ် ကလေးတွေပေါ်လာပြီး သူတို့ကို အိတ်အချို့ယူလာပေးလေသည်။

ယွီရှောင် အိတ်ကိုတစ်လှည့် သူ့ဆရာကိုတစ်လှည့်ကြည့်နေသည်ကို ကျန်းရွီသောက် မြင်သွားတော့ နောက်ဆုံးတွင် မျက်နှာတည်နေရာမှပြုံးလာကာပြောလိုက်သည်။

''မင်းလည်း သွားရမှာ အချောင်မခိုနဲ့ ''

ကျန်းရွီသောက် စကားကို ကြားတော့ ကျန်တဲ့သူတွေက တစ်ညီတစ်ညာတည်း ယွီရှောင်ကိုလှည့်ကြည့်လာကာ သူတို့မျက်နှာမှာတော့ ရယ်ချင်ပက်ကျိနှင့်ဖြစ်နေသည်။

'' မင်းတို့အားလုံးလာအုံး ''

က်ျးရွှီသောက် ကသူ့ရဲ့ တပည့်တွေကိုစားပွဲအနီးကိုခေါ်လိုက်သည်။ ထို့နောက်စားပွဲထဲ သူ့ရဲ့ ချီစွမ်းအင် အနည်းငယ်ထည့်လိုက်ပြီး မကြာခင် စားပွဲရဲ့ အပေါ်မျက်နှာပြင်က ပြောင်ချောချော ဖြစ်နေရာမှ လှုပ်ရှားလာကာ မြေပုံတစ်ခုအသွင်ပြောင်းသွားသည်။

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now