40

999 131 7
                                    

''မင်းအခြေအနေ ပို ဆိုးလာတယ် ''
ထိုလူမှာ ရီရွှယ် ကို စိုးရိမ်ဟန်ဖြင့်ပြောလာသည်။

'' အင်းငါသိတယ်''

ထို့နောက် ဘေးတွင်ရပ်ကာ ထိုလူက သူ့လက်ကောက်ဝတ် ရှိ သိုလှောင် လက်ကောက်မှ ခုံတစ်လုံးကိုထုတ်ကာ ရီရွှယ် ဘေးတွင်ထားလိုက်သည်။

ထို့နောက်သူ့ဝတ်ရုံကို နောက်သို့ ဖျန်း ခနဲ ခါလိုက်ကာ ထိုခုံပေါ်
ခြေချိတ်ထိုင်လိုက်သည်။

ထိုအချိန်မှာပင် ရီရွှယ် ပြောလိုက်သောစကားတစ်ခွန်းကြောင့် ထိုလူရဲ့ မာနတစ်ခွဲသား ဖြင့် ထိုင်ရန်ပြင်နေသော ပုံမှ ကြမ်ပြင်သို့ ဒုန်းကနဲပြုတ်ကျသွားရသည်။

ရီရွှယ်ပြောလိုက်သောစကားမှာတော့
''ငါရှာတွေ့ပြီ''
ဆိုသည့်စကားပင်

ထိုလူမှာ ကြမ်းပြင်မှ အမြန်ကုန်းရုန်းထကာ အလှန့်တကြား ရီရွှယ် ကို ကြည့်လိုက်မိသည်။ ထို့နောက်သူ့မျက်နှာမှာ နီရဲလာ ကာ အပျော်လွန်နေသော အပြုံးကြီးတစ်ခုပေါ်လာသည်။

''ဟဟနောက်ဆုံးတော့ ရှာတွေ့ပြီးပေါ့ ဘယ်မှာလည်း''

''မသိသေးဘူး ငါရှာခိုင်းထားတဲ့ ကိုယ်ရံတော် ပြောတာကတော့ အဲ့တာက နေရာအတိအကျမရှိဘူးတဲ့ လောလောဆယ်တော့ မင်းကို အကူအညီတောင်းစရာရှိတယ်''

''ရပါတယ် အချင်းချင်းဘဲ ကူညီရမှာပေါ့ အရေးကြီးတာ မင်းပြန်ကောင်းဖို့ဘဲ ပြောဘာကူညီရမလဲ ''

ထိုလူက ခန်းမတစ်ခုလုံး တွင် သူ့ရဲ့ အသံကို ပဲ့တင် ထွက်လောက်သည်အထိရီကာ ပျော်ရွှင်နေသော အသံဖြင့်မေးလိုက်သည်။
ထိုလူရဲ့ပုံက ဘာနဲ့ဆင်တူသလဲဆိုရင် နှစ်တစ်သောင်း fa က ရည်းစား ရသွားလို့ပျော်နေပုံနှင့်တောင်တူလှသည်။

''မင်းငါ့အယောင်ဆောင်ပြီး ဒီနေရာမှာနေပေးလို့ရမလား ''

''ဟင် ဘာလို့လဲ မင်းသွားစရာရှိလို့လို့ပြောလိုက် ပြီး သွားရှာလို့မရဘူးလား ''

''ဟင်အင့် မရလို့ပေါ့ အဲ့အဖိုး ကြီးတွေက ငါ့ကို သစ္စာဖောက်ချင်နေတာ် သူတို့က အခု ဂိုဏ်းချုပ် ထိုင်ခုံ ကို လိုချင်နေကြတယ် အဲ့တာကြောင့် ငါ အပြင်မှာ ရှိမှန်းသိရင် အမျိုးမျိုး လုပ်ကြံကြမှာ''

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now