6

3.3K 453 19
                                    

ယွီရှောင် နောကနေ့မနက်ရောက်တော့ သူ့ဆရာပြောတဲ့အတိုင်း အဓိကခန်းမဆောင်ကို သွားလိုက်သည်။

ခန်းမတွင်လူတိုင်းရောက်နေကြပြီး သူတစ်ယောက်ထဲ သာကျန်ပုံပေါ်သည်။
''ကျွန်တော် နောက်ကျသွားလို့ တောင်းပန်ပါတယ် ''
''ဟားဟားနောက်မကျပါဘူး လာထိုင်''

ကျန်းရွှီသောက် ဟာသူ့တပည့်ငယ်လေးကို ထိုင်ရန်ပြောလိုက်သည်။
ယွီရှောင် ခန်းမကြီးအတွင်းရှိထိုင်ခုံ ခုနှစ်လုံး အနက်မှ ထောင့်နားရှိ ထိုင်ခုံတွင်ထိုင်လိုက်သည်။ ထိုထိုင်ခုံတွေကို အရည်အသွေးမြင့်သော အကာအကွယ်ကျောက်တစ်မျိုးဖြစ်သည့် ကျန်းခွေ့ ကျောက်ကိုအသုံး ပြုကာထုလုပ်ထားသောထိုင်ခုံဖြစ်သည်။

ဧကရာဇ်အဆင့် လူတစ်ယောက် လာတိုက်ရင်တောင် ထိုင်ခုံမှာထိုင်နေရံနှင့် အဆင်ပြေသည်။ကျန်းခွေ့ ကျောက်က နတ်ဒေဝါ အဆင့် နိမ့် ရဲ့ဖိအားကိုခံနိုင် သောကျောက်တစ်မျိုးဖြစ်ကာ အလွန်ရှားပါးသည့်ကျောက်တစ်မျိုးဖြစ်သည်။

ဟင်းးး သူ့ဆရာက တစ်ကယ် ချမ်းသာတာဘဲ
''ငါဒီနေ့မင်းတို့အားလုံးကိုခေါ်လိုက်ရတာက ဘုံခုနစ်ဆင့်ဂိုဏ်း ကို တရားဝင်ဂိုဏ်းဖြစ်အောင်ကြိုးစားပြီး ထိပ်ဆုံး ၁၀၀ ထဲဝင်ဖို့ဘဲ''

''ဒါဆိုတပည့်တွေရှာပြီးရွေးချယ်ရတော့မှာပေါ့ ''
ကျန်းဟွေ့ ပြောလိုကသည်။

''မဟုတ်ဘူး အမှန်တော့ ငါတို့ဘာသာကြီုးစားလို့ရတယ် ဘုံခုနစ်ဆင့်ဂိုဏ်း ဆိုတာ ငါတို့ ဆရာတပည့် ခုနှစ်ယောက် ကိုဆိုလိုတာကြောင့် တစ်ခြားသူတွေ ဝင်ပါစရာ မလိုဘူး''

ကျန်းရွှီသောက်ပြောလိုက်သည်။
''ဆရာရယ် အိမ်မက်များမက်နေရင် နိုးထလိုက်ပါတော့ တပည့်တွေမရှိဘဲ ကျွန်တော်တို့် ခုနှစ်ယောက် နဲ့ ဘယ္လိုမ်ား ဘုံခုနစ်ဆင့်ဂိုဏ်း ကို တရားဝင်ဂိုဏ်းဖြစ်အောင်ကြိုးစားပြီး ထိပ်ဆုံး ၁၀၀ ထဲဝင်ဖို့ကြိုးစားရန်ပြောနိုင်ရတာလဲ''

ကျန်းလင် ဟာသူ့ဆရာပြောတာကို နားမလည် သလို မေးခွန်းထုတ်ရင်း ရွဲ့လိုက်သည်။

ဒီဆရာကအမြဲစိတ်ကူးယာဉ်နေတာဘဲ။
ဘုံခုနစ်ဆင့်ဂိုဏ်း ကို တရားဝင်ဂိုဏ်းဖြစ်အောင်ကြိုးစားပြီး ထိပ်ဆုံး ၁၀၀ ထဲဝင်ဖို့ ဆိုမဖြစ်နိုင်တာမဟုတ် တစ်ကယ်လို့ သင့်မှာ ဂိုဏ်းတစ်ဂိုဏ်း ရှိပြီး အရည်အချင်းရှိရင် ဂိုဏ်း ၁၀၀ စုဝေးပွဲမှာမင်း ၉၈ကေန ၁၀၀ အတွင်းဂိုဏ်သ တွေကို စိန်ခေါ်လို့ရသည်။

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now