34

1K 171 6
                                    

''ကောင်းပြီ ငါအခုခေါ်လိုက်တယ့် ဂိုဏ်း နာမည်အလိုက် တစ်ယောက်ပြီးတစ်ယောက် လာမယ်''

ဘေးတွင်စာအုပ်ကိုင်ကာမက်တပ်ရပ်နေသော လူကပြောလိုက်သည်။ ထိုလူတွေကို ကြည့်ရတာ အသက် ၃၀ ကျော်အရွယ် လောက်သာရှိသေးသလိုမျိုးဖြစ်သော်လည်း အမှန်မှာအသက်ရာချီလေသည်။

သိပ်မကြာခင် ပထမ ဂိုဏ်းတစ်ခုက အခေါ်ခံလိုက်ရသည်။ သူတို့က အဝတ်ထုပ်တစ်ထုပ်ကို သယ်ကာရောက်လာပြီး ထိုအဝတ် ထုပ်ကို ဖြည်လိုက်တော့ အထဲတွင် အမဲရောင် တံစိပ် ပြား များကိုတွေလိုက်ရသည်။

ဘေးက လက်နောက်ပစ်ကာ ရပ်နေသောလူကြီးက ထိုတံစိပ်ပြားများကို ဝိဥာဉ် စွမ်းအင် ဖြင့်ရေတွက်ကာပြောလိုက်သည်။

'' အနက်ရောင် ၁၆ အဖြူရောင် ပြောင်းရင် ၈ ''

ထို့နောက် ဧရာမ ဘုတ်ပြားတွင် ထို ဂိုဏ်းနာမည်နှင့် တံစိပ်အရေအတွက်များပေါ်လာသည်။

အချို့လူများက တံစိပ် ကို သူတို့ အဝတ်အစားတွေ ဖိနပ်တွေမှာ ဖွက်ကြတယ် အချို့ကတော့ ခုနက လို အဝတ်အထတ်ထဲထည့်ကြတယ် အချို့က ပေါ်တင်ကို ခါးမှာ ချည်ထားကြသည်။

လူတိုင်းက သူတို့နည်းသူတို့ဟန်ဖြင့် တံစိပ်ပြား များကို သိမ်းဆည်းကြသည်။ အများစုက အနက်ရောင်တံစိပ်ပြား တွေကို သာရရှိကြသည်၊၊ အဖြုရောင်တံစိပ် ကို ရှာနိုင်သောဂိုဏ်းအချို့လည်းရှိသေးသည်။

ဧရာမဘုတ်ပြားကြီးရှိ ပထမ နေရာရဲ့ နာမည်များက အစဉ်ပြောင်းလဲနေကြသည်။ သို့သော် ထိုသို့ ပြောင်းလဲမှုများက တစ်နေရာအရောက် တွင်ရပ်တန့်သွားသည်။

'' မီးတောက်ကြာပန်း ဂိုဏ်း ''

'' ဟုတ်''

ယွီရှောင် ရင်းနှီးနေသော အသံကို ကြားရလို့လှည့်ကြည့်လိုက်စဉ် မထင်မှတ်ဘဲ ချန်ဖန်ဆွေ့ နှင့် ချန်ဟွာလင်း တို့ကို တွေ့လိုက်ရတာကြောင့် အံဩ  သွားသည်။

သိပ်မကြာခင်မှာဘဲ အမျိုးသမီးတစ်အုပ်စုက ပြောင်တင်းစွာ သူတို့ခါးမှာ ချိတ်ထားသော အဖြူရောင်တံဆိပ် များကိုပေးလိုက်သည်။

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now