Uni
မထင်မှတ်ထားတဲ့အရာတွေဟာ မထင်မှတ်ထားတဲ့အချိန်မှာဖြစ်လာတတ်တာမျိုး ။တခါတလေ ကံတရားက မျက်နှာသာပေးတာဆိုတာ ဒါမျိုးလား ။ အနှစ်နှစ်အလလ ကိုယ်လုပ်ခဲ့တဲ့ ဘုရားတရားတွေဟာ အခု အကျိုးပေးတာများလား ။ လားပေါင်းများစွာနဲ့ ကျနော် ပြုံးနေမိ။ ထို အပြုံးများကို လွန်ခဲ့သော ၂နာရီခန့် အကြာတုန်းက ဖြစ်ပျက်ခဲ့သောအကြောင်းများက အခြေခံခဲ့တာ။
သာယာလှပသော နံနက်ခင်းလေးတစ်ခု မှာ
ကျနော် ရေမိုးချိုး ၊ဘုရားဆွမ်းတော်ကပ်၊ breakfast စားပြီး အလုပ်ခွင်ထဲသို့ ဝင်ခဲ့သည်။ ဒါကတော့ ကျနော့ရဲ့ တစ်နေတာ တာဝန်တစ်ခုပါ။'' ဆရာ Vvip ဧည့်သည်ရောက်နေပါတယ်''
ကျနော့် အတွင်းရေးမှုး မရတုမေ ဦးဆောင်ပြီး ဂုဏ်သရေရှိ အမျိုးသမီးတယောက်နှင့်အတူ သူ့အတွင်းရေးမှူးမလေး ကျနော့် အခန်းထဲဝင်ရောက်လာ၏။
အလုပ်တွင်ရှိသော ဝန်ထမ်းများအားလုံးက
ကျနော့အား ဆရာ ဟုပင် တလေးတစားခေါ်ကြသည်။ ကျနော်သည်ဝန်ထမ်းများအားလုံးကို မိသားစုကဲ့သို့ပင် သဘောထား၏ ။ လက်အောက်ငယ်သားဟု တခါမှမောက်မောက်မာမာ ဆက်ဆံခြင်းမရှိပါ။'' ထိုင်ပါအုန်းအန်တီ ''
အန်တီကပြုံးပြီးသူရဲ့ ဝတ်စုံနဲ့ပတ်သက်တဲ့အကြောင်းတွေကို အသေးစိတ် ပြောပြနေတော့သည်။
"အန်တီ့သားသားက အမေရိက မှာ ဘွဲ့ယူမှာမို့ အန်တီတို့ မိသားစု အတွက် မြန်မာ ဝတ်စုံလေးအပ်ချင်လို့ပါ ''
'' ဟုတ်ကဲ့ပါ အန်တီ ''
ချောမော ခန့်ညားလှသော အသက် ၅၀ နီးနီး အမျိုးသမီး တစ်ယောက်။ ကြည့်လိုက်ယုံဖြင့် အဆင့်အတန်း မြင့်မြင့်ထဲဟု သတ်မှတ်နိုင်သော ရုပ်ရည်ပါ။အဆင့်အတန်း ဂုဏ်ရှိန်တွေရှိပေမယ့် မောက်မာခြင်း မရှိဘဲအေးချမ်းလွန်းလှသည်။
'' ဒီဇိုင်းကော ၊ အစ ကော၊ အရောင်ကော အားလုံး သားလေးပဲစီ စဉ်ပေးပါ ''
.'' အန်တီသားကို ယုံကြည်ပါတယ် ''
မယုံကြည်စရာလည်းမရှိပါ။ခေတ်ကဂျပန်တွင်
design နဲ့ cutting ပိုင်းကို ၅နှစ်တာ သင်ယူခဲ့ပြီး မြန်မာပြည်ပြန်လာကာ ခေတ် fashion house ဆိုပြီး ဖွင့်ခဲ့သည်မှာ ၂နှစ် လောက်ကြာခဲ့ပြီ ။

YOU ARE READING
Forever Together (Completed)
Romanceအရာအားလုံးက ပြောင်းလဲနေတဲ့ နိယာမ တစ်ခုကို ကျနော် လက်ခံတယ် ဒါပေမယ့် မင်းကိုချစ်ခဲ့ပါတယ်ဆိုတဲ့ အချက်ကတော့ သံသရာ အဆက်ဆက်မပြောင်းလဲဘူးဆိုတာ ယုံ❤ တခေတ်ဆန်းသစ် မင်း နဲ့စတွေ့ ပြီးကတည်း ထာဝရ အတူတူ လက်တွဲထားချင်တာမျိုး ❤ ရွှေဘုန်းတန်ခိုး