Part 33 (Uni+Zawgyi)

5.9K 247 14
                                    

Uni

"မာမီ ​ရေ !!!"

"သား​ခေတ်​လေး လာ
​နေလို့ထိုင်လို့​ကော​ကောင်း ရဲ့လား "

မာမီ က ​ခေတ်​လေးဗိုက်ကို ကိုင်ကာ တစ်ချက်ကြည့်လိုက်သည်။ ကိုယ်ဝန်​ဆောင်ဘူးတဲ့မိန်းမဆို​တော့ ကိုယ်ချင်း စာသည်။ မိန်းမတစ်​ယောက်​တောင် ကိုယ်ဝန်​ဆောင်ချိန်မှာ အ​တော် ဒုက္ခ​ရောက်တာ ။ သဘာဝကို ဆန့်ကျင်တဲ့ ​ယောကျာ်း​လေး ကိုယ်ဝန်​ဆောင်ဆို ပိုဆိုး​တော့မည်။

​"ကောင်းပါတယ်မာမီ "

"မာမီက သားကို​တောင်မမြင်​တော့ဘူးပဲ"

"မဟုတ်ပါဘူး သားငယ်​လေး ​ရေ"

"သား​ခေတ်​လေး ဗိုက်နဲ့မို့အဆင်မ​ပြေမှာဆိုးတာ"

နှစ်ဖက်မိဘ ​ဆွေမျိုး​တွေအားလုံးက ​ခေတ်​လေးကို သဲသဲလှုပ် ။ ​ရွှေဘုန်းဆို ပိုဆိုး ကိုယ်ဝန်ရှိတာက သူလား​ခေတ်​လေးလားမခွဲတတ်​အောင် ။ ​ခေတ်​လေး ကိုယ်ဝန်ရှိထဲက ​ရွှေဘုန်းအလုပ်မသွားတာက များသည်။ ​ခေတ်​လေးကိုလည်း အလုပ်မသွားခိုင်း ။ ​ခေတ် က သူ့ဆိုင်ကို တစ်ပတ်တစ်ခါ သွားဖို့​တောင်မနည်း​ပြောထားရတာ ။ ​ခေတ့်ဆိုင်သွားတဲ့ ​နေ့ဆိုရင် သူလည်း အလုပ်မသွားဘဲဆိုင်လိုက်သွားတတ်သည်။ ​ခေတ်အလုပ်က ပျက်လို့ရတယ် ​ရွှေဘုန်း အလုပ်က ပျက်လို့မရတာ​ကြောင့် ​ခေတ် အလုပ်မသွား​ရဲတော့ပါ ။ ​ရွှေဘုန်းရဲ့ အကဲပိုတာက​တော့ ​ခေတ် မ​နေတတ်​အောင်ပါ ။ အခုလည်း မာမီဆီမှာ ​တောင်းစရာရှိတယ်ဆိုပြီး ​ခေတ်ကို​ခေါ်လာတာ ။ ​ခေတ်က ကိုယ်ဝန်က အခုမှ ၁၀ပတ်ထဲမှာပဲရှိ​သေးတာကို သူ့​ကြောင့်ပဲလူ​တွေ သိကုန်​တော့တာ။

"မာမီ ဆီမှာ သား​တောင်းစရာရှိလို့ "

"ဘာများလည်း သားငယ်​လေးရဲ့ "

​"ခေတ်​လေး က ကိုယ်ဝန်နဲ့ဆို​တော့ တစ်ခုခု ဆို သားလည်း ဘာမှလုပ်တတ်ဘူး "

"အင်းအဲ့​တော့ သားငယ်​လေးက ဘာ​တောင်းချင်လို့လဲ"

"ကြီးသူကို ​ခေတ်​လေးမီးဖွားပြီးတဲ့အထိ သားတို့အိမ်မှာ ​ခေါ်ထားချင်လို့ "

"ဘာများလည်းလို့ သားငယ်​လေးရယ် "

ကြီးသူက ​ရွှေဘုန်းငယ်ငယ်​လေးထဲက ပြုစု လာသူဆို​တော့ ကိုယ်ဝန်ကိစ္စ​တွေလည်း ​တော်​တော်များများသိတယ်​လေ ။ ပြီး​တော့ အစားအ​သောက်စီမံရာမှာလည်း ​တော်တယ်​။ ခေတ်​လေးကလည်း ကြီးသူ လက်ရာ​တွေဆို အရမ်းကြိုက်တာ​ကြောင့် ​ရွှေဘုန်း ကြီးသူကို အိမ်မှာ ​ခေါ်ထားဖို့ ဆုံးဖြတ်လိုက်သည်။

Forever Together  (Completed)Where stories live. Discover now