Uni
"အင့် ..."
"အော် သားလေး နိုးပြီလား "
"ဖေဖေ့"
"ဗျာ"
"သားက ညတုန်းက အလယ်မှာ အိပ်တာလေ ဘာလို့ ဘေးရောက်နေတာလဲ"
အစော ကြီးအိပ်ပြီး အစောကြီး နိုးလာတဲ့ သားလေးရဲ့မကျေနပ်သံ ။ အရင်ရက်တွေတုန်းက ခေတ်က စောစော နိုးနေတာမို့ သူအလယ်ရောက်တာ ကိုမသိတာ ။ အခု တော့ သူဘယ်လို အလယ်ရောက်သွားလည်းမေးခွန်းထုတ်ပြီလေ။
"အဲ့ဒါသားဒယ်ဒီကို မေးကြည့် "
ညက သားလေးက ခေတ်နဲ့မောင့်ရဲ့ အလယ်မှာ ။ မောင်က သားကို ညတိုင်း ပုံပြင် ဖတ်ပြ၏ ။ ခေတ်ကတော့ သားလေးကို ရင်ခွင်ထဲထည့်ပြီး ဖင်လေး ပုတ်ပေးပြီး သိပ်ရတာပေါ့ ။ ခေတ်တို့ရဲ့ ပျော်ရွှင်ဖွယ် family time လေးပေါ့ ။ သားအဖ သုံး ယောက်က ည အိပ်ချိန်လေးပဲ နီးနီးကပ်ကပ်နေရတာမို့ ။ မနက်ဆို သားလေးက ကျောင်း ၊ မောင်က အလုပ် ၊ ခေတ်ကလည်း အလုပ်နဲ့ မတွေ့ရ။ ညအချိန် လေးကတော့ ရသလောက် သားလေးကို မောင်ကော ခေတ်ကော အချိန်ပေးပြီး သားလေး လုပ်ချင်တာ စိတ်ရှည် လက်ရှည် ဖြည့်စီးပေးကြတာ ။ ဒါပေမယ့် သားလေး အိပ်ရင် မောင် က သားကို ခေတ်ဘေး ပို့ပြီး ခေတ်ကို သူ့ရင်ခွင်ထဲ ထည့်ပြီး ကလူအိသို့ မြူအိသို့ တွေ လုပ်တာပေါ့ ။ သားလေးအိပ်ချိန်ဆို မောင်ရွှေဘုန်းတို့ကဲချိန်ပေါ့ ။
"ဒယ်ဒီ !!!"
အိပ်ပျော်နေတဲ့ ဒယ်ဒီ့ကို ပြသနာ ရှာတော့မယ့် သားပေါက်စပါ ။ အတင်းတွေနှိုးတော့ ရွှေဘုန်း မျက်စိကို အတင်းဖွင့်ကာ ။
"သားလေး ဘာဖြစ်လို့လဲ"
"သားက ညတုန်းက အလယ်မှာ အိပ်တာလေ
အခု ဖေဖေ့ဘေး ရောက်နေလို့ ""ခစ်ခစ် ..."
ခေတ်ထရယ်တော့သည် ။ သားရဲ့ စကားကို မောင်က တိကျတဲ့အဖြေပေးရတော့မယ်လေ ။ မောင် က ခေတ်ဘက်ကိုဘယ်လို ပြောရမလဲဆိုတဲ့ သဘောနဲ့လှမ်းကြည့်၏။

YOU ARE READING
Forever Together (Completed)
Romanceအရာအားလုံးက ပြောင်းလဲနေတဲ့ နိယာမ တစ်ခုကို ကျနော် လက်ခံတယ် ဒါပေမယ့် မင်းကိုချစ်ခဲ့ပါတယ်ဆိုတဲ့ အချက်ကတော့ သံသရာ အဆက်ဆက်မပြောင်းလဲဘူးဆိုတာ ယုံ❤ တခေတ်ဆန်းသစ် မင်း နဲ့စတွေ့ ပြီးကတည်း ထာဝရ အတူတူ လက်တွဲထားချင်တာမျိုး ❤ ရွှေဘုန်းတန်ခိုး