Part 13 (Uni+Zawgyi)

6.4K 306 14
                                    


Uni

📩မောင် ​ ​ခေတ်ပြန်လာချင်ပြီ

​📩မောင်လာ​ခေါ်မယ် လိပ်စာ ပို့လိုက်

တချိန်လုံး ​ခေတ် ဖုန်းဆက်​​နေတာ​တွေကို မကိုင်ဘဲစိတ်ဆိုး​နေ​သော ​မောင်ဆီက ချက်ချင်းဆိုသလို ။ ​မောင့်ရဲ့ အပြုအမူ​လေးတချက်ကခေတ် အတွက်​ပျော်စရာ​ကောင်းလွန်းလှသည်။ ​​​မောင့်အ​ပြော​လေးတခွန်း​ကြောင့် ခေတ် နှစ်ခြိုက်စွာ အိပ်​မော ကြသွားခဲ့သည်။

​"လေး​လေး ​ခေတ် ​အောက်မှာ ဧည့်သည်​ရောက်​နေတယ် "

​ခေတ်ပြန်ရင် အိတ်ထဲသို့ ပစ္စည်း​တွေ ထည့်​နေချိန်တွင်

"အင်း သမီး ဘယ်သူလည်း မသိဘူး "

"အရမ်းလှတဲ့ဦးဦးတ​ယောက် "

​ခေတ် အိမ်​အောက်ကို ဆင်းလာ​တော့ ဧည့်ခန်းထဲတွင် သဲသဲတို့ အ​ဖေနဲ့ စကားလက်ဆုံ ကျ​နေ​တဲ့မောင်

"အ​စောကြီးပဲ ဘာနဲ့ လာတာလည်း "

​"လေယာဥ်နဲ့"

လက်ဖက်နဲ့ ​ရေ​နွေးဗန်းကိုင်ကာ ဧည့်ခန်းထဲဝင်လာတဲ့မမက

​"မောင်​လေး ​ခေတ်
ဧည့်သည်ကို ​နေ့လည်စာ စားပြီးမှ ပြန်ခိုင်း​နော် "

"မရ​လောက်ဘူးမမ ​ရွှေဘုန်းက အလုပ်များတယ် "

"ဟုတ်မမ ကျ​​နော် ပြန်ရမှာမို့"

"မမတို့ကို မိတ်ဆက်​ပေးရအုန်းမယ် သူက​ရွှေဘုန်းတန်ခိုးတဲ့ ​ခေတ်ရဲ့ ချစ်သူပါ "

​မောင့်ရဲ့မျက်နှာ ကအပြုံးက ​တောက်ပလိုက်တာ ​မောင်ကို ​ခေတ်ဘက်က ​မိသားစု​တွေနဲ့မိတ်ဆက် တာ ပထမဆုံး​လေ ။

"ကျ​နော် ​ရွှေဘုန်းတန်ခိုး ပါ မမ နဲ့အကို
​တွေ့ရတာ ဝမ်းသာ ပါတယ် ဗျ"

​"ညီ​လေး ​ခေတ်နဲ့ပတ်သက်လာ​တော့
အကို့ ညီ​လေးပဲ​ပေါ့
မန်း​လေး ​ရောက်ရင် အိမ်ကို ဝင်ပါထွက်ပါ "

"ဟုတ်ကဲ့ပါ အကို "

​"ခေတ်ကို ချစ်​ပေးတဲ့အတွက်​ကျေးဇူးတင်ပါတယ် ​မောင်​လေး
​ခေတ်​လေးက မိဘအ​ပေါ် အရမ်းသိတတ်တဲ့က​လေးဆို​​တော့ ​မောင်​လေးကပဲ သီးခံ​ပေးပါ"

Forever Together  (Completed)Where stories live. Discover now