Part 21(Uni+Zawgyi)

5.3K 239 6
                                    

Uni

​နွေမနက်ခင်း​လေးက​တော့ သာယာ​နေပါတယ် ။ ​ဒါ​ပေမယ့် နွေရာသီရဲ့အပူ​တွေလိုပဲ ​ခေတ် ရင်ထဲမှာလည်းပူ​နေပါတယ် ​မောင်ရယ်။ ​မောင်နဲ့အတူ အရင်လိုပဲ breakfast စား​အပြီး ။

​"ခေတ် ​မောင် အလုပ်သွား​တော့မယ်
ည​နေ လာ​ခေါ်မယ် ​မောင့်အိမ်မှာ
လိုက်အိပ်
မနက်ဖြန် sunday ​မောင့် holiday "

"အင်းပါ ​မောင် "

​ခေတ် ​ပြောသာ​ပြောလိုက်ရ​ပေမယ့် ရင်ထဲမှာ ​အောင့်ပြီးကျန်ခဲ့သည်။ 

"ပြွတ် ​"မောင့်ကို နှုတ်ဆက်အနမ်း​လေး နမ်းလိုက်သည်။ ဒီအနမ်းဟာ တကယ့်နှုတ်ဆက်အနမ်းပါ ။ ​မောင် နဲ့ အခုလို ပြန်ဖြစ်ဖို့ကမ​သေချာ။ အနာဂတ်​တွေက မှုန်ဝါးဝါး ။

"ပြွတ်" ​မောင်က ​ခေတ့်ကို ပြန်နမ်းလိုက်ပြီး ။

"ချစ်တယ်​နော် ​မောင့်​ခေတ်​လေး "

"ချစ်တယ်​မောင် တစ်ဘဝလုံးစာ "

တကယ်တစ်ဘဝလုံးစာပါ ​မောင်။​ ခေတ် ဘဝမှာ ​မောင့်​နေရာ ကို အစားထိုးလို့ရမယ်သူ့ ဘယ်​တော့မှ​ပေါ်လာမှာမဟုတ်ပါဘူး။ ​မောင့်​လောက် ​ခေတ် အ​ပေါ် ​ကောင်းတဲ့သူလည်းရှာ​တွေ့​တော့မယ်မထင်။

​မောင်က ​ခေတ်​ပြောတာကို ​ကျေ​ကျေနပ်နပ်ကြီးပြုံးကာ ထွက်သွား​လေသည်။ ​မောင့်​ကျောပြင်ကြီးကို ကြည့်ကာ ​ခေတ် မျက်ရည်များကြလာ​ခဲ့သည်။ ​ငို ​နေရင်း က​ခေတ် ​ပေါ့​ပေါ့ပါးပါးဖြစ်
မယ့် style pants အပွ အနက်​ရောင်​လေးနဲ့ free shirt အဝါ​ရောင်အနု​လေး ဝတ်ဆင်လိုက်ပြီး   လိုအပ်တာ​တွေ ထည့်ထားတဲ့ ​ကျောပိုးအိတ် တစ်လုံးကို လွယ်လိုက်သည်။ လက်မှာလည်း luggage အကြီးတစ်လုံးဆွဲကာ lift နဲ့​​အောက်ကို ဆင်းလာခဲ့သည်။  ဘယ်သူမှမသိ​အောင် သွားချင်လို့  taxi သာ ငှားပြီး ​လေဆိပ်ထွက်ခဲ့သည်။

ခွဲခွာခြင်း​​တွေ ၊ အလွမ်း​တွေကို ကျင့်သားရ​အောင် ​တောင့်ခံထားရတာ​ပေါ့ ။ တကယ်ဆို ​ခေတ် အခက်ခဲဆုံး  ဆုံးဖြတ်ချက်ကြီးကို ချခဲ့တာပါ ။ ​ခေတ်ရဲ့ ဆုံးဖြတ်ချက်က ​မောင့်ဘက်ကို ကြည့်မ​ပေးခဲ့တာ မဟုတ်။ ​မောင့် ကို ပြတ်ပြတ်သားသား လမ်း​ကြောင်းဖွင့်​ပေးခဲ့တာပါ။ ​ခေတ် ရဲ့မိသားစု ပြသနာ​ကြောင့် ​မောင့်အ​ပေါ်ထားခဲ့တဲ့ဆုံးဖြတ်ချက်​တွေပြတ်သားသွားခဲ့တာပါ။ ​ခေတ်မရှိရင်  ​မောင်လည်း အသစ်တ​စ်ယောက်အမြန်ရှာ​တွေ့နိုင်ပါ​စေလို့ဆု​တောင်းရင်း ။

Forever Together  (Completed)Where stories live. Discover now