Part 43 (Uni+Zawgyi)

4.9K 180 24
                                    

Uni

"မောင့် ...အင်...ဟင်းးး"

"ကျစ်!! ကိုယ်​တွေပူ​နေတာပဲကွာ "

​ခေတ် အလုပ်​တွေ ၅ လ​လောက် ပင်ပင်ပန်းပန်း ဆက်တိုက်လုပ်လိုက်သည်။  fashion show လည်းပြီး​ရော စိတ်​လျော့လိုက်တာ ဖျားပြီ​လေ ။

​"ခေတ်​လေး  ​မောင် ​ရေပတ်တိုက်​ပေးမယ်​နော် "

"အင်းးး
ဟင်းးး​မောင့်ချမ်းတယ် "

​ရွှေဘုန်း နာရီကြည့်လိုက်​တော့ ည ၁၁ နာရီပဲ ရှိ​​သေးသည်။ခေတ် ကိုယ် အပူချိန် အရမ်းများ​နေ၏။ ရွှေဘုန်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ တာမို့ ခန့်မင်းကိုဖုန်းလှမ်းဆက်ရသည်။ သူ​ပြောတဲ့​ဆေးက ဆေး ​​သေတ္တာ ထဲမှာ ​အဆင့်သင့်ရှိ​နေလို့ ​တော်​​သေးတယ် ။ ​

သား​လေးက ၆နှစ်ထဲ​​ရောက်လာပြီ တ​ဖြေး​ဖြေး လူကြီး ​လေးလိုပဲ ။ သူ့ အခန်းထဲမှာ တစ်​ယောက်ထဲ အိပ်ချင်လို့ ပူဆာ​နေတာ ကြာပြီ။ ​ခေတ်လေးက သားနဲ့မခွဲနိုင်လို့ တားထားရတာ ။ အခု​တော့ လူပျို ​ပေါက်စက မရ​တော့ဘူး ။ သူ့အခန်းထဲမှာ အတင်းခွဲအိပ်သွားတာ။ သား​လေး အခန်းထဲမှာ ရှိမ​နေလို့​တော်​သေး၏။ သား​လေးကိုအဖျားကူးမှာ စိုးတာ။

​"ခေတ်​လေး သက်သာလား "

"တစ်ကိုယ်လုံးကိုက်​ခဲ​နေတာပဲ
မောင်​ရယ်"

"ခဏ​နေ သက်သာသွားမှာပါ
​မောင် နှိပ်​ပေးမယ် "

​ရွှေဘုန်း က ​​ခေတ်​ခြေ​တောက်​တွေ လက်​တွေကို ညင်ညင်သာသာ​လေး နှိပ် ​ပေးလိုက်​တော့ အသက်ရှူသံမှန်မှန်နဲ့ ​ခေတ်​လေး အိပ်​ပျော်​နေပြီ​လေ ။ နဖူး​လေးကို စမ်းကြည့်လိုက်​တော့ အပူချိန်သိသိသာသာ ကျသွားပြီမို့ ။

"ဟူးးး​တော်​သေးတာ​ပေါ့ အသဲရယ်
​မောင် လန့်​တောင်သွားတယ် "

​ခေတ်ကိုရင်ခွင်ထဲသွင်းကာ ​ရွှေဘုန်းအိပ်စက်လိုက်သည်။ အချိန်ကလည်း မနည်း​တော့တာမို့ အိပ်မှဖြစ်မည်။ မအိပ်ခင်လည်း သားအခန်းထဲသွားကြည့်ရ​သေးသည်။ ကိုယ့်ဆရာသမားက အိပ်​နေလိုက်တာများသိုးလို့ ။

"ဟင်းးးး"

ရင်ခွင်ထဲက ​အကောင်​ပေါက်​လေးက ​ဆေးအချိန်နဲ့ အိပ်​ပျော်​နေတာ အခုမှနိုးလာသည်။ ​ရွှေဘုန်းလည်း သူ့ အသက်​လေး နိုးမှာဆိုးလို့ နိုး​နေ​ပေမယ့် အသံ မထွက်ရဲ။ ကိုသူရကိုလည်း ဒီ​နေ့ကုမ္ပဏီ မလာနိုင်ဘူးဆိုတာကို message လှမ်းပို့ထားရသည်။

Forever Together  (Completed)Where stories live. Discover now