Part 26 (Uni+Zawgyi)

6.4K 250 8
                                    

Uni

"ဟူး ဒီ​နေ့ ဘာ​တွေဖြစ်​နေကြတာလဲ "

​ခေတ်စိတ်ရှုပ်လာပါသည်။ မနက်မိုးလင်းလင်းခြင်း ​မေ​မေ က ဖုန်းဆက်တယ် ။ ​​​ဖေဖေနဲ့​မေ​မေ အတွက် ပွဲတက်ဝတ်စုံ ချုပ်​ပေးဖို့ ။ ​မေ​​မေ ဘယ်ပွဲတက်မှာလည်းလို့ ​မေး​တော့ သူငယ်ချင်းတစ်​ယောက် သား ​စေ့စပ်ပွဲတဲ့ ။

မနက် ဘုရားရှင်ခိုးပြီး အလုပ်စလုပ်​တော့ ​ရွှေဘုန်းနဲ့ သူ့မာမီ က ​ရွှေဘုန်း ​စေ့စပ်ပွဲအတွက် ပွဲတက်ဝတ်စုံတဲ့ ။ ဒယ်ဒီနဲ့မာမီ က​တော့ မြန်မာဝတ်စုံဘဲဝတ်ပြီး ​ရွှေဘုန်းက​တော့ suit ဝတ်မယ်တဲ့ ။ suit ကို ဘာ​အ​ရောင်ချုပ်ရမလည်း​မေး​တော့ ​ခေတ်ကြိုက်တဲ့အ​ရောင်ချုပ်​ပေးတဲ့ ။ ​ခေတ် ကြိုက်ရင် သူလည်း ကြိုက်တယ်တဲ့ ။ ရင်ကွဲခံပြီး ချုပ်​ပေး​နေတာကို ဘာ​တွေများဖြစ်ချင်​နေရတာလည်း ​မောင်ရယ် ။

"ဂါးးးးစိတ်ကုန်လာပြီ ကွာ "

အခုလည်းကြည့် သူ့မမ က ဖုန်းဆက်ပြီး သူတို့ လင်မယားနှစ်​ယောက် ဝတ်ဖို့ ပွဲတက် ဝတ်စုံတဲ့ ။

"အားလုံးပွဲပဲ တက်​နေကြ​တော့ "

​ခေတ် ​မောင့်​​စေ့စပ်ပွဲ အတွက် စိတ်ညစ်တာက တပိုင်း မာမီကလည်း​စေ့စပ်ပွဲကို လာဖြစ်​အောင် လာခဲ့ပါတယ် တဲ့ ။နီးမှ ထပ်ဖိတ်အုန်းမယ်တဲ့ ။ ​​ခေတ်လည်း ကိုယ်ဘက်က မှားထားတာမို့ လွတ်သွားတဲ့ငါးကြီး​နေတယ်လို့ ခံစားမ​နေ​တော့ပါ ။ ကိုယ်က ​မောင့်ကို အရင်ထားသွားခဲ့တာ အခု​တော့ ဝဋ်လည်ပြီ​ပေါ့ ။ ​ခေတ် ​မောင့် ​စေ့စပ်ပွဲကိုမသွားဘူး လုပ်ထားရာက သွားမယ်လို့ ဆုံးဖြတ်လိုက်သည်။

"ခေတ်ကို အ​သေသာ သတ်သွားကြပါ​တော့ "

တစ်​ယောက်တစ်မျိုးမရိုးနိုင်​တော့ဘူး​လေ ။ ခေတ် ထမင်းစားချင်စိတ်လည်း မရှိ။ ဆာလည်းမဆာ ပါ ။ နာရီကိုကြည့်လိုက်​တော့ ​နေ့လည် ၁နာရီ​တောင်ရှိပြီ။

မဆာလည်း တစ်ခုခု စားဖို့ မီးဖို ခန်းထဲဝင်လာခဲ့လိုက်သည်။ ​​ချောကလက်ကိတ် ရယ်နို့တစ်ခွက်ရယ်​သောက်ပြီး ​ဗိုက်ဖြည့်လိုက်သည်။

📲  တူတူတူ

📞အကို​ခေတ်

📞မြတ်က​လေး​ပြော

Forever Together  (Completed)Where stories live. Discover now