Part 39(Uni+Zawgyi)

5.9K 213 18
                                    

Uni

"သား​လေး​ရေ ထ​​တော့​လေကွာ"

​"မောင့်ထ ​​​တော့ အလုပ်သွားရမယ်​လေ"

​ခေတ်ရဲ့ ​​နေ့စဥ်အလုပ်က မနက်တိုင်းသားနဲ့​ယောကျာ်းကို နိုးရတဲ့အလုပ် ။ ​ခေတ်က အရင်ကတည်းက အိပ်ယာ အ​စော ထတတ်သူမို့ ​ရေချိုး ၊ ဘုရားဝတ်တက်ပြီး breakfast ပြင်ဆင်ပြီးသွားပြီ ။ ဘယ်​လောက်ပဲ နိုးနိုး မထတာ သူတို့က ​​။ ခေတ်ကို စ​ နေတယ်​တောင်ထင်ရသည်။ တစ်ခါတစ်​လေ သူတို့ကို နိုးရင်း ကိုယ်​တွေပါ ခုတင်​ပေါ်အတင်း ဆွဲချခံခဲ့ရရင်း ပြန်အိပ်ရတဲ့ရက်​တွေ အများကြီး။ သား​လေးက ၂နှစ်ခွဲရှိပြီမို့ ​ခေတ် အလုပ်​တွေ ​ကောင်းစွာ ပြန်လုပ်​နေပြီ ။ ကြီးသူနဲ့နှင်းနှင်းကလည်း မာမီတို့ဆီ ပြန်သွားပြီ​လေ ။ အိမ်မှာ ကိုစည်သူတို့စုံတွဲပဲကျန်ခဲ့​တော့၏ ။ ​ခေတ် ကလည်း သားနဲ့ ​ယောကျာ်းကို တ​စ်နေ့တစ်မျိုးမရိုးရ​အောင်ချက်​ကျွေးရသည်။ ဂျီးများတဲ့သားအဖက​တော့ ​ခေတ် လက်ရာ မဟုတ်ရင် ထိ​တောင်မထိဘူး ။ သားကလည်း သူ့ဒယ်ဒီကို တစ်ပုံတည်းတူတာ ။ သူ့ ဒယ်ဒီနဲ့ အ ကြိုက်ခြင်း​တောင် တစ်ပုံစံထဲဘဲ ။တကယ်ကို ​ခေတ် ရုပ်ထု ထု ချလိုက်သလိုပင် ။ ဒါ​ပေမယ့် သူတို့နှစ်​ယောက်က ​ခေတ်ကို အ​လျှော့​ပေးတာချင်း​တော့ အတူတူပင်။ ​ခေတ်စိတ်ဆိုးရင် သားအဖ နှစ်​ယောက်ဝိုင်း​ချော့တာ ​ခေတ်မှာရယ်ရမလို ၊ ငိုရမလို ။ ​ခေတ်ကို စိတ်ချမ်းသာ​အောင် ထားတာက​တော့ အံသြရ​လောက်သည်။ သားကပါ သူ့အ​ဖေလို ​ခေတ်မျက်နှာ အပျက်မခံ။ သားက နို့ပြတ်သွားလို့ ​ခေတ်မှာ အလုပ် ရှုပ်သက်သာ သွားပြီ။ အခု လည်းသားက လူကြီး​လေးလို အစစအရာ ရာ အ​ကုန်သိ ။ တခါတခါ ​ခေတ်အလုပ်ရှုပ်လို့မာမီ အိမ်မှာ ဝင်ထားခဲ့ရင် ​တောင် သူဟာသူ ​နေတတ်​နေပြီ ။

"ကိုး​လေး !!!မထ​တော့ဘူးလား
ရတယ် ​ဖေ​ဖေ ​တစ်​ယောက်ထဲပဲသွား​တော့မယ်"

"အင့်​ဖေ​ဖေ​ခေါ် "

​ခေတ်ကို ခုတင်​ပေါ်က မျက်လုံးမဖွင့်ပဲ​ခေါ်သွားခိုင်း​နေတာ။ချစ်စရာ ဂွမ်းလုံး​လေးကြ​နေတာပဲ။ သူ့ကို ဖ​အေက ထားခဲ့မှာလည်း​ကြောက်​သေး။

Forever Together  (Completed)Where stories live. Discover now