Uni
"မောင် !!!အင်္ကျီထုတ်ထားတယ် "
"ဟုတ် "
ရွှေဘုန်း ကုမ္ပဏီ ကို မသွားတာ ၁၀ ရက်ကျော်သွားပြီ။ ခေတ်လေးကိုစိတ်မချ လို့ လူနာစောင့်နေသည်။ ဒီနေ့တောင် လစဥ်လုပ်နေကြ ရှယ်ယာရှင်များအစည်းအဝေးကြောင့်သာ သွားရမှာ ။ သူ့ခေတ်လေးကို နည်းနည်းမှစိတ်မချ။
"ခေတ်လေး "
"အင်း ပြောလေ မောင် "
"အလုပ်တွေ လုပ်မနေနဲ့နော်
နားနားနေနေ နေနော်
ထမင်းလည်းစားနော်
ဆေးလည်းပုံမှန်သောက်အုန်း ""အင်းပါမောင်ရဲ့ ခေတ်က ကောင်းနေပြီကို ဒဏ်ရာကလည်း လုံးဝမနာတော့ဘူး"
"ဟုတ်ပါပြီ မောင့် ကလေးလေးရဲ့ "
"ရွှတ်"
ရွှေဘုန်းကသာစိတ်မချ ဖြစ်နေတာ ။ ခေတ်လေးက တော်တော်လေးကောင်းနေပါပြီ။ ရွှေဘုန်း မသိအောင် design တွေတောင် ဆွဲနေပြီ။ ရတုက တစ်နေ့တစ်ကြိမ် အလုပ်ကိစ္စ လာဆွေးနွေးသည်။ ခေတ်က ဆိုင်သာ မသွားတာ အလုပ်မပျက် ။ ရတုကို အိမ်ကနေအားလုံးညွှန်ကြားနေပြီး အရေးကြီး design တွေကို ပါဆွဲပေးနေပါပြီ။ မောင်သိရင် မိုးမီးလောင်မို့ အလုပ်ခိုးလုပ်နေရတာ ။ အလုပ်တွေ လုပ်နေလို့လည်း ခေတ်နေကောင်း မြန်မြန်ပျောက်သွားတာ ။ ဒီတိုင်း အိပ်ယာထဲ လှဲပြီး နေရင်ပိုဆိုးမှာ ။ အခုတော့ မေ့မေ့ပျောက်ပျောက်ပဲ သားအိမ်ထည့်ထားတာတောင် မေ့နေပြီ။ ဆရာမကြီးဆီ ရက်ချိန်းပြန်ပြတော့လည်း အဆင်ပြေတယ်လို့ပြောတယ် ။ သနားစရာ အကောင်းဆုံးကတော့ မောင်ပါပဲ ခေတ် သားအိမ်ထည့်ထားတာ မမြဲသေးတာကြောင့် အတူတူ မနေရတာပဲ။ ထီပေါက်ပြီး ထီလက်မှတ်ပျောက်နေတဲ့သူပေါ့။ တခါတလေ သူ စိတ်ပါလာရင်တောင် သူကိစ္စ သူဖြေရှင်းနေရတာ ။ ဒါပေမယ့် သူ့အတွက် ကောင်းလာတာကတော့ ခေတ်က ဟော်မုန်းဆေးတွေ သောက်ရတာကြောင့် တင်တွေနည်းနည်း ထွက်လာပြီး ရင်ဘတ်က ချယ်ရီသီးလေးကလည်း နည်းနည်း ဖောင်းလာတာပါ ။ အဲ့ဒါတွေတော့ သူ့စိတ်ကြိုက်စားသုံးတာပေါ့ ။ တခါတလေ ခေတ် နာနေတာတောင် မောင်ကို သနားလို့ မငြင်းရက်နိုင်။

YOU ARE READING
Forever Together (Completed)
Romanceအရာအားလုံးက ပြောင်းလဲနေတဲ့ နိယာမ တစ်ခုကို ကျနော် လက်ခံတယ် ဒါပေမယ့် မင်းကိုချစ်ခဲ့ပါတယ်ဆိုတဲ့ အချက်ကတော့ သံသရာ အဆက်ဆက်မပြောင်းလဲဘူးဆိုတာ ယုံ❤ တခေတ်ဆန်းသစ် မင်း နဲ့စတွေ့ ပြီးကတည်း ထာဝရ အတူတူ လက်တွဲထားချင်တာမျိုး ❤ ရွှေဘုန်းတန်ခိုး