Part 9(Uni+Zawgyi)

7.2K 333 8
                                    

Uni

'လွမ်းလိုက်တာ​မောင်ရယ်
​​မတွေ့ရတာ ၂၄ နာရီမပြည့်​သေး ဘူး
လွမ်း​နေမိပြီ​​မောင်​ရေ'

မောင်က US ကို အလုပ်ကိစ္စဖြင့်သွားတာ ၁ပတ်​လောက်ကြာမည် ။ပြီးရင်လည်း ပြင်သစ်က သူ့အမကိုယ်ဝန်ရှိ​​နေတာ ကို သတင်းသွား​မေးရင်းနဲ့ ရုံးခွဲတစ်ခု ထပ်ဖွင့်အုန်းမယ် တဲ့။၂ပတ်နီးပါးခွဲရအုန်းမည်။အိပ်ယာထဲတွင် ​ခေတ်တ​စ်ယောက် ဟိုလှည့်ဒီလှည့်ဖြင့် အိပ်ယာထဖို့လည်း ပျင်း​နေ​သေးသည်။

Phone ထဲမှ ​​မောင့်နဲ့အတူရိုက်ထားတဲ့ဓါတ်ပုံ​လေးတွေ ထုတ်ကြည့်ပြီး အလွမ်း​ဖြေ​နေရသည်။
" တီတီ တီ"
Ig  message box မှ noti

​"ခေတ်​လေး ​မောင် ​ရောက်ပြီ
ထမင်းကို ​သေချာစား​နော် ​  မောင် စိတ်မချ​အောင် မလုပ်နဲ့   ​မောင်မရှိတုန်းကျန်းမာ​ရေးဂရုစိုက် ချစ်တယ် "

​ခေတ်က social media ​တွေသိပ်မသုံးပါ ။ viber ​တော့ တီ​လေးတို့နဲ့ ဆက်သွယ်ရ​အောင် သုံးဖြစ်တယ် ။ Fb ဆိုလည်း ဆိုင်အတွက် ရတုကသာ သုံးသည်။ Ig acc က ​မောင် မသွားခင်က လုပ်​ပေးသွားတာ ။ 

​"လွမ်းတယ်​မောင်
ကျန်းမာ​ရေးဂရုစိုက်
ချစ်တယ်​နော် "

​ခေတ်နဲ့​မောင်က  time gap ရှိ​နေသဖြင့်ဖုန်းဆက်ချင်​သော်လည်း စာတိုတိုသာပို့လိုက်သည်။  မောင့်အိပ်ချိန် အ​နှောက်အယှက် ဖြစ်မှာဆိုးလို့ ။ Ig  တွင် ဓါတ်ပုံတစ်ပုံနဲ့post တခုတင်လိုက်သည် ။

​:""တောင်ပံပါရင် မင်းဆီကို
လွမ်းတယ်​မောင် ""
​ခေတ် နဲ့​မောင် လက်နှစ်ဖက်ဆုပ်ကိုင်ထား​သောပုံ​လေး :

Ig က follow လုပ်ထားသူက ​မောင်တ​ယောက်ထဲဆို​တော့ လွတ်လွတ်လပ်လပ် လွမ်းလို့ ရသည်။

နာရီကြည့်လိုက်​တော့ ၇ နာရီ ထမှဖြစ်​တော့မည်။ဒီ​နေ့က ဦးပုသ်​နေ့ ဖြစ်တာ​ကြောင့် ၈ပါးသီလ ယူရမည် ။ မအား​ပေမယ့် ဦးပုသ်​​နေ့တိုင်း ၈ပါးသီလ ယူဖြစ် သည်မှာကြာပြီ​လေ။ တတ် နိုင်သ​လောက် ဘုရားတရား​လေးလုပ်ပြီး ဘဝမှာ ချစ်တဲ့သူတွေနဲ့ အပူအပင်မရှိဖြတ်သန်းသွားချင်တာ ​ခေတ် ဆု​တောင်းပါ ။

Forever Together  (Completed)Where stories live. Discover now