Uni"ခေတ်လေး မောင် လိုက်ခဲ့မယ်လေ "
ခေတ် နေပြည်တော်က မိဘတွေကို ကန်တော့ပြန်တာ။ မောင်နဲ့အကြောင်းလည်း အသိပေးတော့မယ်လေ။ မိဘတွေကို ပြောရမှာ ကြောက်နေတာကြောင့် မောင့်ကိုမခေါ်ဖို့ဆုံးဖြတ်လိုက်တာ။ မောင်ပါရင်လည်း ပြောရမှာ တမျိုးကြီး။ ကိုယ့်မိသားစု အကြောင်း ကိုယ်အသိဆုံးပဲလေ။ အခုတောင်နေပြည်တော်ရောက်နေတဲ့ မမတို့မိသားစုကို ခေတ်တားထားရတာ ။ ခေတ် လာပြီးမှပြန်ပါလို့ ။ မမရှိတော့ ကူပြောလို့ရအောင်။
"မောင်ရယ် ခေတ်က ၂ရက်ပဲကြာမှာလေ "
"ဟုတ် လွမ်းနေတော့မှာပေါ့ "
"ပြွတ်....."
သူ့ကိုနမ်းကာ ချော့ရသေးတယ်။ လေဆိပ်လိုက်ပို့ဖို့ကိုလည်း မနည်း ပြောနေရတာ ။ သူနဲ့ကားနဲ့သွားမယ်ဆိုတာကြည့်ပဲ။ မောင်တစ်ယောက်ကတော့ ကလေးဆိုး ။
"ခေတ်လေး ၂ရက်ပဲနော်
ကြာရင်မောင်လိုက်လာခဲ့မှာ ""အင်းပါ စိတ်ချ
မောင့်ကို ဖုန်းဆက်မယ်လေ "မောင်လိုက်လာရင်စိတ်အနှောက်အယှက်ဖြစ်မှာ ဆိုးသေးတာ ။ ခေတ်ဖေဖေနဲ့မေမေ အကြောင်းက ခေတ် အသိဆုံး။ အရမ်းရှေးရိုးဆန်တော့ အခု ခေတ် LGBT တွေ ဘာတွေနားမလည်ဘူး ။ သိလည်းမသိဘူး ။ အတော်ကိုနားချရအုန်းမှာလေ။ အခုတောင် ကူပြောပေးဖို့ မမကို အကူအညီတောင်းထားရတာ။ မောင်ကို ခေါ်သွားဖို့က သတ္တိမရှိ။
လေဆိပ်သွားတဲ့လမ်းတလျှောက် ခေတ် လက်ကို ဆုပ်ကိုင်ထားကာ ခဏခဏ နမ်းသေးတာ။ မောင်က ဘယ်လိုလွမ်းနေမယ်ဖြစ်ကြောင်း၊ ဘယ်လို သတိရနေမှာဖြစ်ကြောင်း ၊ ခေတ် အနားမှာမရှိရင်အိပ်မပျော်ကြောင်း၊ ခေတ်ကို ဘယ်လောက်ချစ်ကြောင်းတွေလည်းတတွတ်တွတ်ပြောနေသေး၏။
"မောင်အထဲထိ လိုက်မပို့နဲ့တော့ ""ပြွတ်.... ချစ်တယ်နော်"
"ချစ်တယ် မောင့်အချစ်လေး "
ကားထဲမှာ မောင်က စူးစူးစိုက်စိုက်ကြီးကြည့်ကာ ခေတ်ကို အနမ်းမိုးတွေ ရွာလိုက်သေး၏ ။ ခေတ်မောင့်ကိုနှုတ်ဆက်ကာ လေဆိပ်ထဲအပြေးအလွှား ။ မောင်တအားချွဲနေတာကြောင့် လေယာဥ်ထွက်ဖို့ အချိန် နည်းနည်းပဲလိုတော့သည် ။ တကယ်တော့သူက လေယာဥ်မမှီအောင်တမင်လုပ်နေခြင်းဖြစ်သည် ။ သူ့ကားနဲ့လိုက်ပို့ချင်လို့ ။ မောင်တစ်ယောက်နဲ့တော့ ခက်ပါတယ်လေ။

YOU ARE READING
Forever Together (Completed)
Romanceအရာအားလုံးက ပြောင်းလဲနေတဲ့ နိယာမ တစ်ခုကို ကျနော် လက်ခံတယ် ဒါပေမယ့် မင်းကိုချစ်ခဲ့ပါတယ်ဆိုတဲ့ အချက်ကတော့ သံသရာ အဆက်ဆက်မပြောင်းလဲဘူးဆိုတာ ယုံ❤ တခေတ်ဆန်းသစ် မင်း နဲ့စတွေ့ ပြီးကတည်း ထာဝရ အတူတူ လက်တွဲထားချင်တာမျိုး ❤ ရွှေဘုန်းတန်ခိုး