Part 3( Uni+Zawgyi)

11.2K 595 24
                                    

Uni

'' ဝါးးးးး good morning ပါ မြန်မာပြည်''
​ကျောင်းသွားတက်ကတည်းက ပြန်မလာဖြစ်တာ ၅ ​နီးပါး ဖြစ်သွားခဲ့ပြီ။

​ဒယ်ဒီ က အလုပ်ကိစ္စဖြင့် US ကို မကြာမကြာ လာတတ်သည်။ တခါတရံ ကိုယ့်ကို လွမ်းသည်ဟု ဆိုကာ မာမီပါလိုက်လာတတ်သည်။  ဒယ်ဒီ​ကော မာမီပါ လာတဲ့အခါဆို ပြင်သစ်မှာ ​နေတဲ့မမ ပါလာပြီး family gathering လုပ်ကြ၏။ ကိုယ်မှာ မမတ​ယောက် သာရှိတာ သူက ​ဆေး​ကျောင်းပြီးကတည်းက အိမ်​ထောင် ကျကာ ပြင်သစ်မှာ ဘွဲ့လွန်ဆက်တက်ပြီး အဲ့မှာသာ အ​ခြေချ ခဲ့သည်။

  မြန်မာပြည်နဲ့ ​ဝေးခဲ့တာ ကြာခဲ့လို့လား မသိ တိုက်ခတ်​နေတဲ့​လေက အစ​နွေး​ထွေး​နေသည် ။ သူများဆီမှာ ဘယ်လိုပဲပြည့်စုံ ​နေပါ​စေ ကိုယ့်​မွေးရပ်​မြေ ကို​တော့ တမ်းတ မိသား ။

ဖုန်းကို ယူပြီး နာရီကြည့်မိ​တော့ ၈:၄၅ ။
အိပ်ယာက မထချင်​နေ​သေး၍ဖုန်း ဖွင့်ကြည့်လိုက်သည်။ ဟိုကြည့် ဒီကြည့် ကြည့်ရင်း gallery ထဲက ဘွဲ့ယူတုန်းက ဓါတ်ပုံ​လေး ​တွေကြည့်​နေမိ၏။ 

~~~~~~~~~~~~~~~

flash back #####

USတွင် ဘွဲ့ယူမယ့်​နေ့။
​မာမီမြန်မာပြည်မှယူလာသော  မြန်မာ ဝတ်စုံ ​လေးကို ဝတ်ဆင်ပြီး မှန်​ရှေ့တွင် တိုက်ပုံ ကြယ်သီး ​လေးများကို တပ်လိုက်သည် ။ တိုက်ပုံ အင်္ကျီအိပ်ကပ်ကို နှိုက်ပြီး ပဲ​​ပေး​သော အကြည့်များဖြင့် မှန်​ရှေ့တွင်ရှိုးထုတ်နေ​တော့သည်။ မဝတ်ဖြစ်တာ ကြာ​နေပြီဖြစ်​သော မြန်မာဝတ်စုံ​လေးဝတ်လိုက်​တော့မှ ပိုပြီးကျက်သ​ရေရှိသလိုခံစားရ၏။

''ဟင် လက်ကိုင်ပုဝါ​လေးပါလား''

တိုက်ပုံ အိပ်ကပ်ထဲမှ ​​တွေ့လိုက်ရ​သော လက်ကိုင်ပုဝါလေးအား ကြည့်ပြီး မျက်ဝန်း အစုံတို့သည် အဆမတန် ပြူးကျယ်သွား​တော့သည်။

" ဘာလို လုပ်ပြီး ကိုကို့ လက်ကိုင်ပုဝါက " ​

​ခေတ် ဟု ​ရေးထိုးထား​သော လက်ကိုင်ပုဝါ​လေးအားကိုင်ပြီး မာမီဆီအ​ပြေးလာခဲ့​တော့သည်။

"မာမီ​ရေ မာမီ!!! "

အခန်းထဲမှ ​ မာမီ အလှပြင်​နေ​သော ​နေရာသို့ ​​ပြေးထွက်ခဲ့သည်။

Forever Together  (Completed)Where stories live. Discover now