Uni
လွန်ခဲ့သော ၇ နှစ်လောက်ကပါ။
ကျနော့်ဖေဖေ နဲ့ မေမေ က တက္ကသိုလ်က ကထိက ဆရာ /ဆရာမ ပါ ။ ဝန်ထမ်းဆိုတော့ နေရာစုံအောင်ပြောင်းရ၏။ ကျနော်တို့မောင်နှမ နှစ်ယောက်မှာ မိဘများပြောင်းရာကိုလိုက်ရသည် ။ မမက တက္ကသိုလ် ဒုတိယနှစ်ရောက်နေတာကြောင့်မေမေတို့ပြောင်း မည့်တောင်ကြီး တက္ကသိုလ်သို့ ပြောင်းရန် အဆင်ပြေသော်လည်း ။ကျနော်က တက္ကသိုလ်ဝင်တန်းဖြစ်တာကြောင့် မေမေ ရဲ့ညီမ တီတီလေးနဲ့ ရန်ကုန်မှာသာ ကျန်ခဲ့၏။တီလေးသည် ဂျပန် အခြေဆိုက် NGO တစ်ခုတွင် project manager တစ်ယောက်ပါ။ကျနော့်ကို အစစ အရာရာ အဆင်ပြေစေရန် ရန်ကုန်ရှိနာမည်ကြီးသော private ကျောင်းတခု သို့ ပြောင်းပေးခဲ့သည်။
'' သားခေတ် လေးရေ မြန်မြန် လုပ် ဟေ့
ကျောင်းကား လာတော့မယ် ''မနက်တိုင်း တီလေး ရဲ့ ခေါ်သံပါ ။ တီလေးက အလုပ်များသဖြင့် ကျနော့်အား ကျောင်း အကြို အပို့ လုပ်ရန် အဆင်မပြေ ။ ကျောင်းကားဖြင့်သာ သွားရသည်။
'' လာပြီတီလေးရေ''
အိမ်ပေါ်ထပ်မှ ပြေးဆင်း လာကာ
'' ညက စာကျက်တာ နောက်ကျသွားလို့ပါ တီလေးရဲ့ ''
'' နောက်ကျတဲ့အထိ မနေနဲ့ သားခေတ်ရေ ကျန်းမာရေးထိခိုက်နေအုန်းမယ် ''
'' ဟုတ်တီလေး ''
တီလေး ပြင်ထားပေးသော breakfast ကို စားပြီး။ ထမင်းချိုင့်ခြင်းဆွဲကာ ကျောပိုးအိတ်လေးလွယ်ပြီး အိမ်ရှေ့ခုံလေးတွင် ကျောင်းကားစောင့်နေလိုက်သည်။
တကယ်ဆိုညပိုင်းစာကျက်ပြီးချိန်တွင် ကျနော်
ဝါသနာပါသော အင်္ကျီ design ဆွဲခြင်းများကို online မှာသင်ယူနေခြင်းဖြစ်သည်။ကျနော် ၈တန်း နွေရာသီကျောင်းပိတ်ကတည်းက စက်ချုပ် အခြေခံကို မေမေ ဆီမှ သင်ယူခဲ့သည် ။ မေမေသည် ကျနော့်
လက်ဦးဆရာပါ ။အခုဆိုရင် ကျနော် စက်ချုပ် အခြေခံ ကို သေသေ သပ်သပ် တတ်မြောက်နေပြီ။ ကျနော့် အင်္ကျီ များအပြင်အားရင် တီလေး ကိုပါ ချုပ်ပေး ဖြစ်သည်။

YOU ARE READING
Forever Together (Completed)
Romanceအရာအားလုံးက ပြောင်းလဲနေတဲ့ နိယာမ တစ်ခုကို ကျနော် လက်ခံတယ် ဒါပေမယ့် မင်းကိုချစ်ခဲ့ပါတယ်ဆိုတဲ့ အချက်ကတော့ သံသရာ အဆက်ဆက်မပြောင်းလဲဘူးဆိုတာ ယုံ❤ တခေတ်ဆန်းသစ် မင်း နဲ့စတွေ့ ပြီးကတည်း ထာဝရ အတူတူ လက်တွဲထားချင်တာမျိုး ❤ ရွှေဘုန်းတန်ခိုး