Uni
"ဆရာ ဒါက ရတီ လက်ခံထားတဲ့ မင်္ဂလာဆောင် နဲ့ အလှူ ပွဲတွေပါ
ချိန်းထားတဲ့ ရက်တွေလည်း ရေးထားပါတယ် "Samsung tab a7 lite လေးကို ခေတ် ယူပြီးကြည့်လိုက်သည်။
ဒီလ ထဲတွင် အလှူ ၊ မင်္ဂလာဆောင် တော်တော်များများ လက်ခံထားတာကြောင့် ။"မဆုရတီ က ဒီပွဲတွေအတွက် design ဆွဲလိုက်ပါ ။ အခြားသူတွေကိုလည်း သင့်တော်သလို ခွဲပြီး design ဆွဲခိုင်းလိုက်ပါ ။
အငယ်တွေဆွဲတဲ့ design အားလုံး ကျနော့်ဆီတင်ပြပါ ။
ကျန်တဲ့ပွဲတွေကိုတော့ ကျနော် ဆွဲပါ့မယ် ""ဟုတ်ကဲ့ပါဆရာ ဆု အငယ်တွေကို သေချာ ပြောလိုက်ပါ့မယ့် "
ကျနော်တို့ ၃ယောက် မနက်ပိုင်းmeeting လေး ပြီးတော့ ၁၁ နာရီ။
Design ဆွဲဖို့ပြင်ဆင်ကာ ဖုန်းလေးကိုကြည့်လိုက်တော့ missed call 7 ခု
"အမလေး!!! ဗုဒ္ဓေါ "
Meeting မှာ slient လုပ်ထားမိတာ
မောင်ခေါ်ထားတွေ ရဲလို့📩 meeting လုပ်နေလို့ မောင်
သူလည်း အလုပ်ထဲမှာမို့ အနှောက်အယှက်ဖြစ်မှာဆိုးလို့ message ပို့လိုက်သည်။ချက်ချင်းဆိုသလို မောင်က
တူတူတူ📲
📞မောင့်ကိုရူးအောင်လုပ်နေတာလားပြော
📞ဟင် ဘာလို့
📞ခေတ် အသံကြားချင်လို့ ဖုန်းခေါ် တာ
မနက်ကတည်း ခေတ် အသံမကြားရသေးဘူးလေ မောင် ဘယ်လိုလုပ်
အလုပ် လုပ်နိုင် မှာလည်းပြော📞ခစ်ခစ်
📞ဘာရယ်တာလည်း ခင်ဗျားက
📞အခု ကြားရပြီမို့လား
မောင်က လိမ္မာပါတယ် အခု ရက်ပိုင်း ခေတ် အလုပ်တွေ တအားများနေလို့📞ဒါဆို မောင်က အလုပ်မရှိတဲ့လူလား
ဘယ်သူက အလုပ်တွေ လောဘတတ်ပြီး မနိုင်ဝန်ထမ်းနေတာလည်း မောင့်ချစ်သူဆိုတာ မေ့သွားရအောင်ကို အလုပ်ရှုပ်နေတယ်ပေါ့ ရပါတယ် ခင်ဗျား အားမှပဲဖုန်းခေါ်တော့"

YOU ARE READING
Forever Together (Completed)
Romanceအရာအားလုံးက ပြောင်းလဲနေတဲ့ နိယာမ တစ်ခုကို ကျနော် လက်ခံတယ် ဒါပေမယ့် မင်းကိုချစ်ခဲ့ပါတယ်ဆိုတဲ့ အချက်ကတော့ သံသရာ အဆက်ဆက်မပြောင်းလဲဘူးဆိုတာ ယုံ❤ တခေတ်ဆန်းသစ် မင်း နဲ့စတွေ့ ပြီးကတည်း ထာဝရ အတူတူ လက်တွဲထားချင်တာမျိုး ❤ ရွှေဘုန်းတန်ခိုး