Part 31(Uni+Zawgyi)

5.6K 242 10
                                    

Uni

"ကိုသူရ
Projectအသစ် အတွက်ချိန်းထားတဲ့ ဧည့်သည်​တွေ ဘယ်အချိန် လာမှာလည်း"

"၁၁ နာရီပါ boss "

"အို​ကေ "

"............."

"ပြီးရင် သူတို့ကို lunch ​ကျွေးဖို့ ပါ အ​ကောင်းဆုံး ဆိုင်မှာ booking လုပ်ထား​ပေး "

"ဟုတ်ကဲ့ပါ Boss "

​ရွှေဘုန်း ဆိပ်ကမ်းသာ မြို့​တော် စီမံကိန်း project အတွက် ရှယ်ယာ ပါတနာ နဲ့ ဒီ​နေ့ ​တွေ့ဆုံမှာ ဖြစ်သည်။ ဒီproject ကြီးသာ ပြီးရင်  ​ရွေဘုန်း ကုမ္ပဏီက မြန်မာပြည်မှာ နံပါတ် ၁ ဖြစ်သွားပြီ။ ​ရွှေဘုန်း အခုတ​လော အလုပ်​တွေ ​နေ့မအား ညမအား လုပ်​နေမိသည်။ ​ခေတ်​လေး လည်း ​​နေ​ကောင်းပြီးပုံမှန် ပြန်ဖြစ်​နေပြီမို့လည်း စိတ်ချမ်းသာရသည်။

"Boss ဧည့်သည်​တွေ ​ရောက်​နေပါပြီ "

​"အေး​အေး လာခဲ့မယ် "

​"တွေ့ရတာ ဝမ်းသာပါတယ် ကျ​​နော်က ​ရွှေဘုန်းတန်ခိုးပါ
GAG group ရဲ့ ဒု ဥက္ကဌ ပါ "

"အန်ကယ်က US အ​ခြေဆိုက် Success group ရဲ့ ဥက္ကဌ ဦး​ကျော်​​ဇောပါ "

​"​တွေ့ရတာဝမ်းသာပါတယ် အန်ကယ်"

"ဒါက​တော့ ဒီproject မှာ ဦး​ဆောင်မယ့် အန်ကယ်သမီး နိုရာ ​ကျော်​ဇော ပါ "

​"တွေ့ရတာ ဝမ်းသာပါတယ် မနိုရာ​ကျော်​ဇောပါ "

Success group သည် US မှာ နာမည်ကြီး အုပ်စု တစ်ခုဖြစ်သည်။ ​ရွှေဘုန်းရဲ့ project ကို သူတို့ စိတ်ဝင်စားပြီး ရှယ်ရာ ဝင်တာ ကို​တောင် ​ကျေးဇူးတင်ရမည်။

"အန်ကယ်က​တော့ US က အလုပ်​တွေ​ကြောင့် ဒီမှာ ကြာကြာ မ​နေနိုင်ဘူး
သမီးပဲ ဒီမှာ ဦး​ဆောင်လိမ့်မယ်
​မောင်ရင်က ပဲ အစစအရာ ရာ ကူညီ​ပေးပါအုန်း သမီးကို "

"စိတ်ချပါ အန်ကယ် "

"........"

"ဪ မနိုရာ လိုအပ်တာ​ပြောပါ ကျ​နော်တို့ ကူညီပါ့မယ် "

"နိုရာလို့ပဲ ​ခေါ်ပါ ကို ဘုန်း "

"ဟုတ်ကဲ့ ပါနိုရာ "

"နိုရာကို  ကိုဘုန်းက မသိဘူးထင်တယ်
နိုရာ တို့က တ​ကျောင်းထဲထွက်​တွေ​လေ
ကိုဘုန်းက နိုရာ့ senior "

Forever Together  (Completed)Where stories live. Discover now