Uni
'ခေတ်လေးရေ လွမ်းတယ်ကွာ '
ရွှေဘုန်း ညကတည်းက အိပ်မပျော်တာ အခုလည်း အစောကြီးနိုးနေတော့သည်။ ခေတ် ဘန်ကောက်သွားတာ ၂ပတ်လောက်ရှိ ပြီ ။ လွမ်းနေတာ မနေနိုင်အောင် ။ face time ပြောပြီးတိုင်း လွမ်းတာပိုဆိုး။ ရွှေဘုန်းက တစ်ရက်မတွေ့ရရင်တောင် မနေနိုင်တာ ။ လိုက်သွားချင်တာလည်း တအားပဲ အလုပ်မအားတာကတမျိုး ၊ လိုက်သွားရင်ခေတ် စိတ်ဆိုးမှာ စိုးတာက တမျိုး အဆင်မပြေဘူးလေ ။ အခုတလော အိမ်မှာတော့ မမ မွေးထားတဲ့ တူမလေးနဲ့သာ အလွမ်းဖြေနေရသည်။
'ခေတ်နဲ့သာဝေးရရင် မောင်တော့ ရူးတော့မှာပဲကွာ ၊ အဆင်တွေပြေမနေဘူး '
ဒီနေ့holiday ဖြစ်တာကြောင့် ရွေဘုန်းအိပ်ယာထရန် အပျင်းကြီးနေ၏ ။
📩Good morning မောင့်ခေတ်လေး
ချစ်တယ်Message လေးပို့ပြီး ရေချိုးခန်းဝင်လိုက်သည်။
📩Good morning မောင်
အရမ်းချစ်တယ်
လွမ်းတယ် 😘ခေတ် လည်း မောင့် ကို message ပို့ပြီး breakfast စား ဘုရားရှိခိုးကာ အပြေးအလွှား သင်တန်းပြေးရသည်။ ဘန်ကောက် ရောက်ကတည်းက မောင် စီစဥ်ပေးလိုက်တာကြောင့် အခက်အခဲတခုမှမရှိဘဲ အားလုံးချောမော။ သင်တန်းရှေ့မှာ ပဲ condo ငှားပေးထားတာကြောင့် သွားရေး လာရေး အားလုံးအဆင်ပြေသည်။ မောင့် ကုမ္ပဏီရုံးခွဲက ဘန်ကောက်မှာရှိတာမို့ အဲမှာရှိတဲ့ သူတွေကို မောင် က အားလုံးစီစဥ်ပေးခိုင်းထား၏။ ခေတ် ဘာမှ လုပ်စရာမလို ။ မောင်စီစဥ်တဲ့အတိုင်းသာ အေးဆေး နေလိုက်ရုံသာ ။ အဲလို မနေရင်လည်း ဒီတစ်လ လုံး မောင်က ဘန်ကောက် လိုက်နေမှာတဲ့လေ။
"Morning ဒယ်ဒီနဲ့မာမီ "
"Morning သားလေး "
ရွှေဘုန်း ထမင်း စားခန်းသို့ breakfast စားရန်ဝင်လာခဲ့သည်။
"ငါ့သား အခုတလော အိမ်မှာ breakfast စားတာ တွေ့နေရပါလား "
"အစ်ကို ကတော့ လုပ်ပြီ
တော်ကြာ breakfast မစားနိုင်ဘဲဖြစ်သွားအုန်းမယ် "

YOU ARE READING
Forever Together (Completed)
Romanceအရာအားလုံးက ပြောင်းလဲနေတဲ့ နိယာမ တစ်ခုကို ကျနော် လက်ခံတယ် ဒါပေမယ့် မင်းကိုချစ်ခဲ့ပါတယ်ဆိုတဲ့ အချက်ကတော့ သံသရာ အဆက်ဆက်မပြောင်းလဲဘူးဆိုတာ ယုံ❤ တခေတ်ဆန်းသစ် မင်း နဲ့စတွေ့ ပြီးကတည်း ထာဝရ အတူတူ လက်တွဲထားချင်တာမျိုး ❤ ရွှေဘုန်းတန်ခိုး