Uni
"ကြီးသူရေ!!!"
"ဟော သားငယ် မနက်အစောကြီး ဘယ်က ပြန်လာတာလဲ ""ခေတ်လေး အတွက် ချောကလက်ကိတ် ကုန်နေလို့ သွားဝယ်တာ"
"ရော့ ကြီးသူ ယူ ထားလိုက်ပါအုန်း "
ခေတ်က ရွှေဘုန်းကို အရင်လို စကားတွေတီတီ တာတာ မပြောတော့တာ ၁ လကျော်ပြီ ။ ခေတ်လေး ဗိုက်ကလည်း ၈ လထဲရောက်ပြီလေ ။ မီးဖွားခါနီး လို့ ရွှေဘုန်းတောင် အလုပ်ကိုနေ့တိုင်းမသွားတော့ဘဲ မီးနေစောင့်လုပ်နေ၏။ ခေတ်လေးက စိတ်ဆိုး မပြေလို့ စကား မပြောပေမယ့် ရွှေဘုန်းက အရင်ကထက်ပိုအောင် ဂရုစိုက်ပေးတတ်သည်။ ခေတ်လေး အနားက နေ လိုအပ်တာ မှန်သမျှ အားလုံး လုပ်ပေးတတ်သည်။ အခုလည်း ခေတ်လေး စားနေကျ ချောကလက်ကိတ်ကုန်သွားလို့ မနက်အစော ထပြီး သွားဝယ်လာတာ ။ breakfast စားဖို့ အဆင်သင့်ဖြစ်အောင်။
"ချပ် "
ရွှေဘုန်း တခါးဖွင့်ပြီး အခန်းထဲဝင်လိုက်တော့ ခေတ်လေးက ရေချိုးခန်းက ထွက်လာတာ bathrobe လေးဝတ်လို့ ။
"ဟာာ ခေတ်လေးကလည်း ရေချိုးခေါင်းလျှော်တာ မောင့်ကိုလည်း မစောင့်ဘူး
မောင်လုပ်ပေးမှာပေါ့"ရွှေဘုန်းက တဘက်တစ်ထည် ကိုင်ကာ ခေတ်ခေါင်းကို ရေသုတ်ပေးနေရင်း စကားတွေလည်း မျိုးစုံပြောနေပေမယ့် ခေတ်လေးက တစ်လုံးမှ ပြန်မပြော ။
"ခေတ်လေး ခဏ မောင် အင်္ကျီသွားထုတ်လိုက်အုန်းမယ် "
"........"
ရွှေဘုန်းပြောနေရင်း သူတို့ အဝတ်အစားတွေ ထားတဲ့အခန်းကို ထဲဝင်သွားသည်။
ခေတ်လေးက ကိုယ်ဝန် ရင့်မာ လာပြီမို့ အသွားအလာမပေါ့ပါးတော့ ။ ခေတ်လေးနဲ့ပါတ်သတ်တဲ့အလုပ်တွေ အားလုံး ရွှေဘုန်းကပဲလုပ်ပေးတတ်သည်။ ရေချိုးတာက အစ သနပ်ခါးသွေးတာ အဆုံးခေတ်လေး ကို လုပ်ပေးသည်။
"ခေတ်လေး သနပ်ခါးသွေးပြီးသွားပြီ
လိမ်းဖို့အဆင်သင့်ပါပဲဗျ"

YOU ARE READING
Forever Together (Completed)
Romanceအရာအားလုံးက ပြောင်းလဲနေတဲ့ နိယာမ တစ်ခုကို ကျနော် လက်ခံတယ် ဒါပေမယ့် မင်းကိုချစ်ခဲ့ပါတယ်ဆိုတဲ့ အချက်ကတော့ သံသရာ အဆက်ဆက်မပြောင်းလဲဘူးဆိုတာ ယုံ❤ တခေတ်ဆန်းသစ် မင်း နဲ့စတွေ့ ပြီးကတည်း ထာဝရ အတူတူ လက်တွဲထားချင်တာမျိုး ❤ ရွှေဘုန်းတန်ခိုး