Uni
"ဝါးးး ပျော်စရာကောင်းလိုက်တာ "
"ဘာလို့လည်း သားလေးရဲ့ "
"Summer holidays are coming "
ဒီနေ့ သားတို့ကျောင်းမှာ စာသင်နှစ် နောက်ဆုံးရက်မို့ ကျောင်းဆင်းပွဲနဲ့ certificate ပေးပွဲရှိသည် ။ နောက်ရက်ဆို နွေကျောင်းပိတ်ရက် ၁ လတိတိ ဖြစ်သည် ။ ပြီးရင် တော့ summer course တွေ စရတော့မှာပါ ။ အပျော်ကြီးပျော်နေတဲ့ သားပေါက်စ ။ သူ့မှာ summer plans တွေ အများကြီးပဲ time table နဲ့ကို လုပ်ထားတာ ။
"ဒယ်ဒီ့သားက နွေရာသီ ပိတ်ရက် မှာ ဘာလုပ်ဖို့ ရှိလို့ အရမ်းတွေ ပျော်နေရတာလဲ "
"သားမှာ လုပ်ရမယ့် plans တွေအများကြီးပဲ"
"ဖေဖေ့ သားက ဘာတွေ လုပ်မှာလဲ ပြောပြ"
"နေပြည်တော်က ဖိုးဖိုး နဲ့မေမေမျိုးဆီသွားလည်မယ်
ပြီးတော့ မန်းလေးက မမသဲသဲနဲ့ကိုကို ကဲကဲတို့နဲ့ချိန်းထားတယ်
ပြင်သစ်က မမ pinky နဲ့လည်း v call အဝပြောမယ်
ဂျပန်က ဖွားလေးကို လည်း လာလည်မယ် ပြောထားသေးတယ်
ဘဘ နဲ့ golf ကွင်းလိုက်ပြီး golf ရိုက်သင်မယ်
မေမေ ထားဆီလည်း သွားအိပ်ရအုန်းမယ် ""ဪ
ဖေဖေ သားက အလုပ်တွေများလှချည်လား ""ဒယ်ဒီနဲ့ ဖေဖေ့အတွက်ကော ဘယ်လို အချိန်ပေးမှာလဲ "
"ဖေဖေ့ မွေးနေ့ ၄လပိုင်း ၂ရက် မှာ
ဖေဖေ့ကို birthday party လုပ်ပေးမယ် ""ကဲ မောင် သားက အလိုက်သိတယ်နော် "
သားက တောင် ခေတ်မွေးနေ့ အတွက်အစီအစဥ်ရှိတယ်မောင်ကကော မရှိဘူးလားဆိုတဲ့သဘောဖြင့် ကြည့်လိုက်၏။ မောင်က မျက်လုံးတစ်ဖက်မှိတ်ပြကာ ခေတ်ကို စလိုက်သည်။ သူ့မှာ အစီအစဥ်မရှိစရာ ဆိုတဲ့သဘော။
"ဒယ်ဒီနဲ့ကော ဘာလုပ်ဖို့ရှိလည်း "
"ဒယ်ဒီနဲ့ club တက်မယ်လေ "
ခေတ်နှစ်ယောက်လုံးကို မျက်လုံးပြူးပြီးကြည့်ပေးလိုက်သည်။ ခေတ်ရဲ့ အမူအရာ ကို နှစ်ယောက်လုံးသဘောပေါက်၏ ။ ခေတ်က ပြသနာ ဖြစ်မယ့် နေရာမျိုးတွေ သွားတာ မကြိုက်ပါ ။ သားကိုလည်း အစပျိုးပြီး ဘယ် club မှ မသွားရတားမြစ်ထားတာမို့ ။

YOU ARE READING
Forever Together (Completed)
Romanceအရာအားလုံးက ပြောင်းလဲနေတဲ့ နိယာမ တစ်ခုကို ကျနော် လက်ခံတယ် ဒါပေမယ့် မင်းကိုချစ်ခဲ့ပါတယ်ဆိုတဲ့ အချက်ကတော့ သံသရာ အဆက်ဆက်မပြောင်းလဲဘူးဆိုတာ ယုံ❤ တခေတ်ဆန်းသစ် မင်း နဲ့စတွေ့ ပြီးကတည်း ထာဝရ အတူတူ လက်တွဲထားချင်တာမျိုး ❤ ရွှေဘုန်းတန်ခိုး